Snareက နေဝင်းကို လတ်တလောမှာ အနုပညာနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေတယ်ဆိုတာရယ်၊ သူ့ရဲ့အချစ်အကြောင်းကို တစေ့စောင်းမေးဖြစ်ခဲ့တဲ့အခါ ‘ကျွန်တော် လတ်တလောမှာတော့ ရှိုးတွေဆိုဖြစ်နေတယ်။ ပြီးတော့ ဘကြီးဖြိုးနဲ့ဦးနေဝင်း MTVထွက်ရှိဖို့ ပြင်ဆင်နေပါပြီ။ မကြာခင် ပရိသတ်တွေရှေ့ ချပြပေးတော့မှာပါ။ ကျွန်တော့်ရဲ့ OMG Clothing Brand ဆိုင်အတွက်လည်း အလုပ်တွေ လုပ်ဖြစ်နေပါတယ်။ ဒီနှစ်ရဲ့ ချစ်သူများနေ့မှာတော့ ကျွန်တော် တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ချစ်သူများနေ့မှာ ကျွန်တော် ကိုယ်တိုင်ကလည်း ချစ်သူရှိတယ်ဆိုတော့ ဒီနှစ်တော့ အမုန်းမြို့သူ မဖြစ်တော့ဘူးပေါ့။ ကျွန်တော့်အတွက်တော့ သူမက ကျွန်တော့် အိမ်မက်ပါပဲ။ ချစ်သူများနေ့မှာ ဖြတ်သန်းကြမယ့် ချစ်သူစုံတွဲတွေလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်’ လို့ သူကဆိုပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။