ကျား/မ လိင်စစ်ဆေးမှု မအောင်မြင်သောကြောင့် အီရန် အမျိုးသမီးလက်ရွေးစင်အသင်းမှ ကစားသမားလေးဦး ထုတ်ပယ်ခံရ

iran-womens-soccer-gender-tests.jpg

အီရန်နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာရေးအကြောင်းပြချက်နဲ့ အမျိုးသားဘောလုံးပွဲစဉ်တွေကို သွားရောက်ကြည့်ရှုခွင့်မရှိပါဘူး။ ဒါပေမယ့်လည်း ဘောလုံးအားကစားနည်းဟာ အစ္စလာမ်မစ်နိုင်ငံ အီရန် အမျိုးသမီးထုအတွင်းမှာ ရေပန်းစားလျက်ရှိပါတယ်။

အီရန်နိုင်ငံရဲ့ အလွန်အောင်မြင်တိုးတက်လာတဲ့ အမျိုးသမီးပရော်ဖက်ရှင်နယ်ဘောလုံးလိဂ် မှာ ကစားနေတဲ့ ဘောလုံးသမားတွေဟာ မကြာမီ ကျား/မ လိင်ခွဲခြားစစ်ဆေးမှု ကို ခံယူသွားရမယ်လို့ အမိန့်  ချမှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက နိုင်ငံအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းက ကစားသမားလေးယောက်ဟာ အမျိုးသမီး မဟုတ်ကြောင်း စစ်ဆေးတွေ့ ရှိပြီးနောက်မှာ အခုလို အမိန့် ချမှတ် လိုက်တာဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေဟာ အခုဆိုရင် အမျိုးသမီးပရော်ဖက်ရှင်နယ်ဘောလုံးပွဲစဉ်တွေကို သာမက ဖူဆယ်လ် ပွဲစဉ်တွေကိုပါ ရှောင်တခင် လာရောက်ကြည့်ရှုပြီး ဆေးစစ်မှုတွေပြုလုပ်သွားမယ်လို့  သိရှိရပါတယ်။

ဒါ့အပြင် ကလပ်အသင်းတွေဟာလည်း ကစားသမားအသစ်ကို စာချုပ်ချုပ်ဆို ခေါ်ယူမယ်ဆိုရင် လိင်စစ်ဆေးမှု တွေ အရင်ပြုလုပ်သွားရမယ်လို့  သိရှိရပါတယ်။

Ref: sports.yahoo.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.