ဖက်ရှင်က လူတစ်ယောက်အတွက် ၈၀ရာခိုင်နှုန်းလောက်အရေးပါတယ်လို့ ဆိုတဲ့ သဲနော်ဇာ

c360_2013-08-21-16-33-00-1.jpg

၂၀၁၀ အကယ်ဒမီဗန်းကိုင်လုပ်ရင်းနဲ့ အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ သဲနော်ဇာကို ဖက်ရှင်နဲ့ ပတ်သက်ပြီး သူမရဲ့အမြင်လေးတွေ ဘယ်လိုရှိတယ်ဆိုတာကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘သဲနော်ဇာက ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ ကာရိုက်တာနဲ့ဆိုရင်တော့ ကာရိုက်တာနဲ့ လိုက်အောင်လို့ဝတ်ဖြစ်ပါတယ်။ အပြင်မှာဆိုရင်တော့ Classicဆန်ဆန်လေးတွေ ဝတ်ဖြစ်နေပါတယ်။ Classic စတိုင်လ်မျိုးဝတ်ရတာ ကိုပိုကြိုက်နေတယ်။ အင်တာနက်ကလည်း လေ့လာဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့၊ သဘောကျတဲ့ပုံစံ မျိုးတွေတွေ့ရင်တော့ Saveပြီး သိမ်းထားတတ်တယ်။ စုဆောင်းထားတတ်တယ်။ လိုသလို အသုံးပြုလို့ရအောင်ပါ။ ဖက်ရှင်နဲ့ ပတ်သက်ပြီးပြောရရင် သဲနော်ဇာက ဖက်ရှင်အရမ်းကျတဲ့အထဲမှာ မပါပါဘူး။ ဒါပေမဲ့ ဖက်ရှင်က ကိုယ်နဲ့လိုက်ဖက်ပြီး ကိုယ့်အတွက်ယုံကြည်မှုနဲ့ သက်တောင့်သက်သာရှိစေမယ်ဆိုရင် လူကြားထဲမှာလည်း နေရထိုင်ရတာ သက်တောင့်သက်သာရှိမယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိစေမှာပါ။  ကိုယ်နဲ့ မလိုက်ဖက်တဲ့ဖက်ရှင်ပုံစံမျိုးတွေ ဝတ်ပြီးတော့ မဝံ့မရဲဖြစ်နေမယ် ဆိုရင် ဘယ်လောက်ပဲ အဝတ်အစားက ဖက်ရှင်ကျနေပါစေ၊ ကိုယ်နဲ့လိုက်ဖက်မှာ မဟုတ်ပါဘူး။ ဖက်ရှင်ကျတဲ့ သူတစ်ယောက်မဖြစ်နိုင်ဘူးပေါ့။ ဖက်ရှင်က လူတစ်ယောက်အတွက် ၈၀ရာခိုင်နှုန်း လောက်အရေးကြီးပါတယ်လို့ဆိုပြီးပြောပြခဲ့ပါတယ်။

         

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.