ရပ်ပါ DMX နဲ့ လူသတ်မှုမှ တရားသေလွတ်ခဲ့သူ George Zimmermanတို့နှစ်ယောက် ထိုးသတ်ကြမယ့် “နာမည်ကြီး လက်ဝှေ့ပွဲ” ကို ရပ်ဆိုင်းလိုက်ပြီလို့ ပွဲဖြစ်မြောက်ရေး ဆော်သြသူ Damon Feldmanဟာ စနေနေ့မှာ ပြောခဲ့ပါတယ်။ အဲ့ဒီ့မတိုင်ခင် ပွဲဖြစ်မြောက်ရေး ဆော်သြသူကို ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၁၂ခုနှစ်မှာ လက်နက်မဲ့ ဆယ်ကျော်သက် လူမဲလေး Trayvon Martin ကို ပစ်သတ်ခဲ့မှုမှ တရားသေလွတ်လာသူ Zimmerman နဲ့ မတရားခံရတဲ့ လူမဲတွေဘက်က ရပ်တည်ပေးမယ့် ရပ်ပါပါ DMX တို့ သုံးချီထိုးသတ်ကြမယ့် “နာမည်ကြီး လက်ဝှေ့ပွဲ” ပါ။
ပြည်သူလူထုရဲ့ အုတ်အော်သောင်းနင်း ကန့်ကွက်သံတွေကြောင့် “နာမည်ကြီး လက်ဝှေ့ပွဲ” ကို ရပ်ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့ Damon Feldman က Twitter ကဆင့်ပြောခဲ့ပါတယ်။
“လူတိုင်းက မုန်းတီးနေတဲ့ George Zimmermanသာ နိုင်သွားခဲ့ရင် ကျွန်တော်ထွက်သွားတဲ့အတိုင်း လူတိုင်းထွက်သွားမယ်ထင်နေလား။ ဘယ်သူမှ အေးဆေး လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ပြီးရင် ဘာတွေဆက်ဖြစ်မလဲ။” လို့ Damon Feldman က Twitter မှာပြောပါတယ်။
Trayvon Martin အသတ်ခံရပြီး Zimmermanကို “ခုခံကာကွယ်ခွင့်” ဆိုပြီး တရားသေလွှတ်လိုက်မှုဟာ လူမျိုးရေးခွဲခြားမှုဆိုပြီး အမေရိက တစ်နိုင်ငံလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပါတယ်။ လူသန်းနဲ့ချီ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး သမ္မတအိုဘားမားတောင် ရုပ်သံတိုက်ရိုက်လွှင့်ပြီး ၀င်ဖြေရှင်းပေးခဲ့ရပါသေးတယ်။ ဒီလို နောက်ကြောင်းရာဇ၀င် ကြီးလွန်းတဲ့ “လက်ဝှေ့ပွဲ”ကို ဆက်ပြီး တာဝန်မယူနိုင်တော့လို့ ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါလိမ့်မယ်။
Ref:tmz.com