ၾသစေၾတးလ် အမ်ိဳးသမီး ဂေါ့ဖ် မာစတာ ပြိုင်ပွဲမှာ တိုက်ဂါးဝုဒ်ရဲ့ တူမ ရှိုင်ယန်ဝုဒ်စ် ဗိုလ်စွဲ

dm_140209_golf_cheyenne_woods_interview.jpg

လက်ရှိ ကမ္ဘာ့အဆင့် တစ် ဂေါ့ဖ် ကစားသမား တိုက်ဂါးဝုဒ်စ်ရဲ့ တူမ ရှိုင်ယန် ၀ုဒ်စ် ဟာ ပထမဆုံး အဓိက ဆုတံဆိပ်ဆွတ်ခူးမှုဖြစ်တဲ့ သြစတြေးလျ အမျိုးသမီး မာစတာ ဆု ကို ဆွတ်ခူးနိုင်ခဲ့တာပါ။

ရှိုင်ယန်ဟာ သတ်မှတ်ရိုက်ချက်ထက် ၁၆ ချက်လျော့ရိုက်ပြီး ကစားသမားဘ၀မှာ ပထမဆုံး အဓိက ဆုတံဆိပ် တစ်ခု ရရှိခဲ့တာပါ။ ရှိုင်ယန်ဟာ ပွဲစဉ်တစ်ခုလုံးမှာ ဘာဒီ (တစ်ချက်လျော့) ငါးခုရရှိခဲ့ပါတယ်။

“ကျွန်မ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ နှစ်နှစ်အတွင်းမှာ အဓိကဆုဖလားတစ်ခု ပထမဆုံး ရရှိတာပါ။ ကျွန်မကို တိုက်ဂါးဝုဒ်ရဲ့ တူမ အဖြစ်နဲ့ ပဲ လူတွေ သိနေခဲ့ပေမယ့် အခုတော့ ကျွန်မ ကိုယ်ပိုင်နာမည်နဲ့  ရပ်တည်နိုင်ပါပြီ။ ဆုဖလားတစ်ခုရရှိပြီ။ အောင်ပွဲတစ်ခုရရှိခဲ့ပြီ။ ဒါဟာအရမ်း စိတ်လှုပ်ရှားစရာပါ” လို့  ရှိုင်ယန်ဝုဒ်က ဘီဘီစီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရှိုင်ယန်ဟာ ၂၀၁၂ ခုနှစ်တုန်းက အမေရိကမှာ ကျင်းပတဲ့ ပြိုင်ပွဲငယ်တစ်ခုမှာ ဗိုလ်စွဲခဲ့သေးပေမယ့် ဒီ အောင်မြင်မှုဟာ သူ့ ကစားသမားဘ၀ အကြီးမားဆုံးအောင်မြင်မှုဖြစ်ပြီး  ကမ္ဘာ့အဆင့်မီ ဂေါ့ဖ် ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ဥရောပ အမျိုးသမီး နယ်လှည့်ဂေါက်သီးရိုက် ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အဆင့် ၇၈ နေရာ ရရှိခဲ့ပါတယ်။

Ref: bbc.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.