၁၉၉၆ ခုနှစ်မှာထွက်ရှိခဲ့ပြီးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ Independence Day ဇာတ်ကားရဲ့နောက်ဆက်တွဲရုပ်ရှင်တစ်ခုမှာပါဝင်သရုပ်ဆောင်ဖို့ဆွေးနွေးနေရာကနေ Will Smith နှုတ်ထွက်ခဲ့တယ်လို့ဆိုပါတယ်။
အစောပိုင်းက Men In Black သရုပ်ဆောင်ဟာ ဒီဇာတ်ကားမှာပါဝင်ဖို့အကြံဥာဏ်ကိုငြင်းဆန်ခဲ့ပြီးနောက် Will က fighter pilot Captain Steven Hiller အဖြစ်ပြန်သရုပ်ဆောင်ဖို့ စိတ်ဝင်စားမှုတစ်ခုကိုပြသခဲ့တာလို့ ဒါရိုက်တာ Roland Emmerich ကထုတ်ဖေါ်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအနေအထားကတော့ Will တစ်ယောက်စိတ်ကူးပြောင်းခဲ့ပြီး ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားမှာမပါဝင်ဖို့ဆုံးဖြတ်ခဲ့ပုံရပါတယ်လို့ Deadline.com ကပြောပါတယ်။
ဒီနောက်ဆက်တွဲဇာတ်ကားဟာ မူရင်းဇာတ်ကားထဲကဂြိုလ်သားတွေ ကမ္ဘာကိုသိမ်းပိုက်ရန်ကြိုးစားမှုအပြီး နှစ် ၂၀ အကြာ အာကာသထဲက စစ်ကူတွေလာတဲ့အချိန် ကိုအခြေခံရိုက်ကူးမှာဖြစ်ပါတယ်။
Bill Pullman နဲ့ Jeff Goldblum တို့ကတော့ ဒီစီမံကိန်းမှာပါဝင်ဖို့အတွက်အတည်ပြုနိုင်ခဲ့ပြီး ရုပ်ရှင်ရဲ့အကြီးအကဲပိုင်းကတော့ ဒီရုပ်ရှင်ကို မူရင်းရုပ်ရှင်ရဲ့ နှစ်၂၀ ပြည့်၊ အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနေ့ ဇူလိုင်လ ၄ ရက်နေ့ ၂၀၁၆ ခုနှစ်မှာထုတ်ဖို့ စီစဉ်ထားပါတယ်။
Ref:starpulse.com