၁၈နာရီလောက် ကြာအောင် ညလုံးပေါက် အလုပ်တွေလုပ်ရတဲ့ အခါ ကော်ဖီ တွေ တစ်ခွက်ပြီး တစ်ခွက် သောက်ဖူးပါသလား။ ကျွန်တော်တို့အားလုံး သောက်ဖူးကြပါတယ်။ ဒါကလည်း အလေ့အထ တစ်ခုလို ဖြစ်နေပါပြီ။
သင်ဟာ နတ်သုဒ္ဓါ လိုအရသာ ရှိလှတဲ့ ကော်ဖီကို တစ်ငုံပြီး တစ်ငုံ စုပ်ယူခံစား ကြမိဖို့ အလားအလာ များပါတယ်။ ကော်ဖီချစ်သူများအတွက် အမျိုးမျိုး ရောနှောဖော်စပ် ပေးမယ့် Apps တွေ ရှိပါတယ်။ ဘယ်လိုရောနှော ဖော်စပ်ရမယ်ဆိုတာနဲ့ လိုအပ်တဲ့ ကဖိန်းဓါတ် ပမာဏကို ရရှိဖို့ အတွက် လမ်းညွှန်ပေးနိုင်တဲ့ Apps တွေထဲကမှ အကောင်းဆုံး ၅ခုကို ကော်ဖီချစ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
၁။ Barista
သင်ဟာ ကျဲတောက်တောက် ကော်ဖီကို ဖြစ်ကတတ်ဆန်းဖျော်ပြီး အရသာဆိုးကြီးကို ကောင်းကောင်း မကောင်းကောင်း သောက်တတ်တဲ့ သူမျိုး တစ်ယောက်များ ဖြစ်နေပါသလား။ အဲ့ဒီ့အတွက် တော့ မပူပါနဲ့။ လိုအပ်ရင် လိုအပ်သလို သင့်ကို ကူညီပေးမယ့် Barista ရှိပါတယ်။ espresso ဖျော်နည်း၊ အခြေခံ latte အလှဆင်နည်း တွေကို အထူးကြည်လင်ပြတ်သားတဲ့ ဗီဒီယိုဖိုင်တွေနဲ့ တကွ ပြသပေးမှာပါ။ နို့နဲ့ လှိုင်းပုံဖော်နည်း၊ လောင်းချနည်း စနစ် အဆင့်မြင့်မြင့် တွေနဲ့အတူ Barista ဟာသင့်ကို ကော်ဖီအဖျော် ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်လာ စေမှာဖြစ်ပါတယ်။
၂။ Great Coffee App
ဒီ App ကို သေသေချာချာ အာရုံစိုက်လေ့လာ လိုက်မယ်ဆိုရင် ကော်ဖီခွက်ထဲမှာ မတူညီတဲ့ အပိုင်းလေးတွေကို ပုံဖော်လာနိုင်မှာပါ။ Great Coffee App မှာ သေချာဖတ်ပြီး espresso-machine နဲ့ ကိုယ်တိုင် လိုက်လုပ်နိုင်ပါတယ်။ Espresso, Latte, Mocha နဲ့ တခြားကော်ဖီ အလန်းစား ဖျော်နည်း တွေပါပါရှိပါတယ်။ ကော်ဖီကျိုနေ၊ နှပ်နေတုန်းမှာ ကော်ဖီနဲ့တွဲဖက်စားဖို့ အရသာရှိတဲ့ ကိတ်မုန့်တုံး လေးတွေကို လည်း ဖန်တီးနိုင်ပါတယ်။
၃။ Intelligentsia Coffee
ကော်ဖီ ကျိုနှပ်တဲ့ အချိန်ကြာသွားလို့ သောက်မကောင်း မဖြစ်ရလေအောင်၊ သင့်တင့်တဲ့ အချိန်ကို အတိအကျ ပြပေးမယ့် App ကတော့ Intelligentsia Coffee ပဲဖြစ်ပါတယ်။ ကော်ဖီ ဖျော်ဖို့ ပြင်ဆင်တဲ့အခါ ဘယ်လို ဇကာမျိုးကိုသုံးသင့်တယ်ဆိုတာနဲ့ ကော်ဖီကျိုနှပ်စက် အမျိုးမျိုးအပေါ်မူတည်ပြီး ကျိုနှပ်ပုံတွေကို ပြောပြပေး မှာဖြစ်ပါတယ်။ ကော်ဖီကျိုနှပ် နေတုန်း Facbook သုံးလို့ရအောင်၊ App ထဲမှာ အချိန်မှတ်စက်ကိုပါ တစ်ပါတည်း ထည့်ထားပေးပြီးသားဖြစ်ပါတယ်။
၎။Instant Barista
အမြှုပ်လေးတွေနဲ့အတူ ကော်ဖီကို နှစ်ရောင်ခြယ်၊ သုံးရောင်ခြယ် ပုံဖော်ဖို့ဆိုတာ သင့်စိတ်ကြိုက် ကော်ဖီဆိုင်က ၀န်ထမ်းတစ်ယောက် အတွက်တော့ သိပ်ကိုလွယ်ကူလွန်းပါတယ်။ ဒါမျိုးကို တွေ့လိုက်လို့ ဘယ်လိုလုပ်တာပါလိမ့်၊ လုပ်ကြည့်ချင်လိုက်တာ ဆိုတဲ့စိတ်မျိုး ပေါ်မိခဲ့တယ် ဆိုရင်တော့ Instant Brista မှာ ရှာဖွေလေ့လာလိုက်ပါ။ သင်အလိုရှိသလို ကော်ဖီအမျိုးပေါင်း ၇၅မျိုး အထက်ရဲ့ လွယ်ကူရိုးရှင်း မြန်ဆန်တဲ့ ဖျော်ပုံဖျော်နည်းတွေကို လေ့လာနိုင်ပါတယ်။ ဒါနဲ့ မှ မကျေနပ်နိုင်သေးဘူးဆိုရင်လဲ လက်ဖက်ရည်ချစ်သူများ အတွက် လက်ဖက်ရည် ဖျော်နည်းတွေကိုလည်း Instant Barista က ပေးဦးမှာ ပါ။
၅။ Beanhunter
ဒီ App နဲ့ပတ်သက်လို့ အလေးအနက် အာရုံစိုက်ဖို့ အချိန်ရောက်ပါပြီ။ သင်ဟာ စိတ်ကျေနပ်မှု အပြည့်ရဖို့အတွက်နဲ့ ကော်ဖီစေ့ တွေတစ်စေ့ပြီးတစ်စေ့ လိုက်ကောက် ပြီး သေသေချာချာ လေ့လာတတ်တဲ့ သူ တစ်ယောက်ပါလား။ သင်ဟာ ကော်ဖီသောက်သူတွေကို လိုက်စုံစမ်းတဲ့ စုံထောက်ကြီး ရှားလော့ဟုမ်း ဖြစ်ခဲ့မယ်ဆိုရင် Beanhunter က သင့်မိတ်ဆွေ မစ္စတာ ၀တ်ဆင်န် ဖြစ်လာမှာပါ။ လက်ရှိမှာ သြစတြေးလျ နဲ့ အာရှကို အာရုံစိုက်ထားပြီး Beanhunter App ထဲမှာ ပါရှိတဲ့ အချက်အလက်တွေက ကမ္ဘာအနှံ့မှာရှိတဲ့ အကောင်းဆုံး ကော်ဖီဆိုင်တွေကို ညွှန်ပြပေးမှာပါ။ ဒီ App ကိုသုံးကြည့်ပြီး ကမ္ဘာကြီးက သင့်အတွက် ပေးစွမ်းနေမယ့် အကောင်းတကာ့ အကောင်းဆုံး ကော်ဖီတွေကို လိုက်လံ ခံစားကြည့်လိုက် နိုင်ပါတယ်။
Ref:mensxp.com