မနှစ်က မာရင်ဆီးလစ် ကို အနိုင်ယူပြီး ၇၇ နှစ်အတွင်း ၀င်ဘယ်ဒန် တစ်ဦးချင်းချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမား မာရေးဟာ ဂျွန်လမှာ ကျင်းပမယ့် Queen’s Club ပြိုင်ပွဲမှာ သူ့ ရဲ့ ချန်ပီယံဆုကို ကာကွယ်သွားမှာ ဖြစ်ကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။
မာရေးဟာ လက်ရှိ ဗြိတိန် နံပါတ်တစ် တင်းနစ်ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီး Queen ချန်ပီယံဆုကို ၂၀၀၉ ခုနှစ် ၊ ၂၀၁၁ ခုနှစ် တွေမှာ နှစ်ကြိမ်ရရှိခဲ့ပြီး မနှစ်က တစ်ကြိမ်ထပ်မံရရှိခဲ့ကာ လက်ရှိချန်ပီယံဖြစ်ပါတယ်။ တင်းနစ်ကစားသမားဘ၀မှာ စံချိန်အမြောက်အမြားကို တင်နိုင်ခဲ့တဲ့ အန်ဒီမာရေးဟာ လာမယ့် နွေရာသီ ၂၀၁၄ Queen ချန်ပီယံဆုကို စတုတ္ထအကြိမ်မြောက် ရယူဖို့ အတွက် ပြင်ဆင်နေကြောင်း ဘီဘီစီ သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။
Ref: bbc.co.uk
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။