Sleeping with Sirens

sleeping-whit-sirens.jpg

 

Sleeping with Sirens ဟာ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့မှာရှိတဲ့ အမေရိကန် post-hardcore တေးဂီတအဖွဲ့ဖြစ်ပါတယ်။ ခုလက်ရှိမှာတော့ မီချီဂန်ပြည်နယ်၊ ဂရင်းရပ်ပစ်ဒ် မြို့မှာ နေထိုင်နေပါတယ်။ ဒီတေးဂီတအဖွဲ့ကို For All We Know, Broadway, We Are Defiance ဆိုတဲ့ အဖွဲ့တွေနဲ့ ၂၀၀၉ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ လောလောဆယ်မှာ Rise Records တေးထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ထားပါပြီး အယ်လ်ဘမ် ၂ခုနဲ့ If You Were a Movie, This Would Be Your Soundtrack ဆိုတဲ့သီချင်းနှစ်ပုဒ်ပါဓါတ်ပြား တစ်ချပ်ကို ၂၀၁၂ခုနှစ် ဂျွန် ၂၆ရက်နေ့မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ Sleeping with Sirens တေးဂီတအဖွဲ့သား စွယ်စုံရ အဆိုတော် Kellin Quinn ရဲ့ အမြင့်သံ၊နူးနူးညံ့ညံ့အသံ တွေကြောင့် ဒီအဖွဲ့ဟာ လူသိများလာ ခဲ့တာပါ။

Sleeping with Sirens အဖွဲ့ ဖွဲ့စပ်တင်ဆက်တဲ့ သီချင်းပုံစံတွေကတော့ Post-hardcore, emo, scream တို့ပဲဖြစ်ပါတယ်။ Rise တေးထုတ်လုပ်ရေးနဲ့ အယ်လ်ဘမ်တွေ ဓါတ်ပြားတွေ ထုတ်ခဲ့ပါတယ်။ Pierace The Veil, For All We Know, Broadway, We Are Defiance စတဲ့ နာမည်တွေနဲ့လည်း ဖျော်ဖြေပါတယ်။ လက်ရှိအဖွဲ့သားတွေကတော့ Kellin Quinn, Justin Hills, Gabe Barham, Jesse Lawson, Jack Fowler တို့ဖြစ်ပါတယ်။ အဖွဲ့သားဟောင်းတွေကတော့ Brandon McMaster, Brian Calzini,Paul Russell, Alex Kaladjian, Dave Aguliar, Nick Trombino တို့ပါ။

Ref:Wikipedia

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.