Daft Punk

Daft-Punk-Wallpaper-2560x1024-1.jpg
ပြင်သစ် new-school အကပညာရှင်တွေဖြစ်တဲ့ Motorbass, Air, Cassius နဲ့ Dimitri တွေနည်းတူ ပြင်သစ်သား နှစ်ယောက်တွဲDaft Punk အဖွဲ့ဟာ လတ်တလော ပေါ်ပြူလာတော်တော် ဖြစ်လာပါတယ်။ Daft Punk အဖွဲ့ဟာ acid house လို့ခေါ်တဲ့ Party music နဲ့ techno တွေကို သူတို့ရဲ့အခြေနုနု pop, indie rock နဲ့ hip-hop ဂီတတွေမှာ ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။ Daft Punk အဖွဲ့ကို DJ ပညာရှင်တွေဖြစ်တဲ့ Guy-Manuel de Homen-Christo နဲ့ Thomas Bangalter တို့နှစ်ယောက်က သူတို့ရဲ့မတူညီတဲ့ စွမ်းရည်တွေကို ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ Darling ဆိုတဲ့ band  နဲ့အတူ အစပိုင်း အစီအစဉ်တွေကိုအတူတွဲလုပ်နေခဲ့ပါတယ်။ Daft Punk ဟာ Cover Songs တွေကို အထုတ်များတဲ့ cover band တစ်ခုပါ။ ၁၉၉၃ ခုနှစ်မှာ ''The New Wave'' ဆိုတဲ့ Daft Punk ရဲ့ပွဲဦးထွက်ဓါတ်ပြားခွေကို soma တေးထုတ်လုပ်ရေးက ဖြန့်ချိခဲ့ပါတယ် ''The New Wave'' ထွက်ရှိပြီးနောက်မှာတော့ ''Da Funk'' ဆက်လက်ထွက်ရှိခဲ့ပြီးကမ္ဘာအနှံ့ ဓာတ်ပြားပေါင်း ၃၀၀၀၀ ရောင်းထွက်ကာ တကယ်ပေါက်ခဲ့တဲ့ ပထမဆုံးဓာတ်ပြားဖြစ်ခဲ့ပါတယ်။
 
Daft Punk ဟာ ဗြိတိန်နိုင်ငံကချီးမြင့်တဲ့ BRIT Awards တွေမှာလည်း လျာထားခြင်းခံခဲ့ပါတယ်။ BRIT Awards ဆိုတာကတော့ ဗြိတိန်ဓာတ်ပြားလောကရဲ့ နှစ်စဉ်ချီးမြှင့်လေ့ရှိတဲ့ pop ဂီတဆုတွေပဲ ဖြစ်ပါတယ်။ Draft Punk ဟာ ၁၉၉၈ ခုနှစ်မှာအကောင်းဆုံး နိုင်ငံတကာအဖွဲ့လိုက် တေးဂီတဆုနဲ့ အကောင်းဆုံး နိုင်ငံတကာ မျက်နှာသစ်တေးသံရှင်ဆုတို့ကို ရရှိဖို့လျာထားခြင်းခံခဲ့ရပြီး ၂၀၀၂ခုနှစ်မှာလည်း အကောင်းဆုံး နိုင်ငံတကာအဖွဲ့လိုက်တေးဂီတဆုနဲ့ အကောင်းဆုံးနိုင်ငံတကာ တေးအယ်လ်ဘမ်ဆုတို့ကို ရရှိဖို့ လျာထားခြင်းခံခဲ့ရပါတယ်။
ဂရမ်မီဆုရရှိဖို့လည်း ငါးနှစ်လျာထားခြင်းခံရပြီး ၂၀၀၉ခုနှစ်မှာတော့ ''Harder Better Faster Stronger'' သီချင်းနဲ့ အကောင်းဆုံး ''Dance Recording'' ဆုအပြင် Alive၂၀၀၇အယ်လ်ဘမ်နဲ့ အကောင်းဆုံး Electronic Dance Album ဆုတို့ကိုရရှိခဲ့ပါတယ်။ ၁၉၉၈ခုနှစ်မှာ ''Da Fun'' သီချင်း၊ ၁၉၉၈ခုနှစ်မှာ ''Around the World''သီချင်း၊ ၂၀၀၂ခုနှစ်မှာ ''One More Time'' သီချင်းတို့နဲ့ အကောင်းဆုံး Dance Recording ဆုကိုရရှိဖို့ လျာထားခြင်းခံခဲ့ရပါတယ်။ ၂၀၀၂ခုနှစ်မှာပဲ ''Short Circuit'' သီချင်းနဲ့ အကောင်းဆုံး ပေါ့ပ်တူရိယာ စွမ်းဆောင်ရည်ဆု ရရှိဖို့လျာထားခြင်းခံခဲ့ရပါတယ်။ နောက်ဆုံးလျာထားခြင်းခံခဲ့ရတာကတော့ ၂၀၁၂ခုနှစ်မှာ ''Tron Legacy'' သီချင်းနဲ့ အကောင်းဆုံး Score Soundtrack for Visual Media ဆုပါ။
 
Ref:Wikipedia
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.