နာမည်ကြီးတွေ ထိုးသတ်မယ့် လက်ဝှေ့ပွဲမှာ George Zimmerman နဲ့ ယှဉ်ပြိုင်ချင်တယ်လို့ ရပ်ပ်ပါ DMX က အတိအလင်းပြောနေပါတယ်။ Zimmermanကိုနိုင်ပြီးရင် “ေ-ာကို ခပ်မြန်မြန်ထုတ်ပြီး အဲ့ဘဲပေါ် သေးပန်းပစ်မယ်။” လို့ DMX ကခုထက်ထိပြောနေတုန်းပါ။
ပြီးခဲ့တဲ့နှစ်တုန်းက Zimmermanဟာ ဆယ်ကျော်သက် Trayvon Martin ဆိုသူကို သေနတ်နဲ့ပစ်သတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ မျက်မြင်သက်သေအဖြစ် အိမ်နီးချင်းတွေရှိခဲ့တာတောင်မှ “ကိုယ့်ကိုကိုယ်ကာကွယ်မှု” ဆိုပြီး သူဟာ တရားသေလွတ်လာခဲ့တယ်။ အခင်းဖြစ်ပွားတုန်းက Zimmerman က သေနတ်မကိုင်ထားပါဘူး။ ကောင်လေးကို 911 ပစ်စတိုနဲ့ လျှောက်မလုပ်ဖို့ Zimmerman ကဖျောင်းဖျခဲ့တာ ဖြစ်တဲ့အတွက် အဲ့ဒီ့အမှုမှာ လူမျိုးရေး ဂယက်ရိုက်မှုတွေလဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နာမည်ကြီးတွေ ထိုးသတ်မယ့် လက်ဝှေ့ပွဲမှာ Zimmermanဟာ ဘယ်နာမည်ကြီးနဲ့မဆို ၃ချီ ထိုးသတ်မယ့် အစီအစဉ်တွေကို မကြာသေးမီကပဲ ကြေညာခဲ့ပါတယ်။ အဲ့ဒီ့ပွဲကနေ သူ့အတွက်ရမယ့် ပိုက်ဆံကို ပရဟိတအသင်းအဖွဲ့မှာ သွားလှူဖို့ Zimmermanက စီစဉ်ထားပါတယ်။
Zimmerman နဲ့ထိုးသတ်ချင်လို့ လျှောက်လွှာတင်ထားခဲ့သူပေါင်း ၁၅၀၀၀ထဲကမှ DMXဟာ တစ်ဦးတည်းသော ရွေးချယ်ခံရသူပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာ မတရားခံရတဲ့ လူမည်းတိုင်းကို DMXက ကိုယ်စားပြုချင်တယ်လို့ ပြောပါတယ်။
“Zimmerman ရဲ့ယှဉ်ပြိုင်ဖက်အဖြစ် DMX ကထိုးသတ်သွားမှာပါ။” လို့ လက်ဝှေ့ပွဲဖြစ်မြောက်ရေး ဆော်သြသူ Damon Feldmanက TMZ သတင်းဝဘ်ဆိုဒ်ကို အတည်ပြုပြောကြားသွားပါတယ်။
Ref:tmz.com