အနုပညာလောက ရှုပ်ထွေးတာမို့ ဆင်ဆင်ခြင်ခြင်နေဖို့ လိုတယ်လို့ဆိုတဲ့ အောင်လေး

704425_549292631796550_32104793_o.jpg

မော်ဒယ်လ်ဆယ်ကျော်သက် လူငယ်တွေထဲမှာ ခပ်မိုက်မိုက် ဒီဇိုင်းကို ပိုင်ဆိုင်ထားပြီး စတိုင်ကျလှတဲ့ အောင်လေးနဲ့တွေ့ဆုံခိုက် ပြောဖြစ်သမျှကတော့ ‘အခုက အမ်တီဗီတွေ ရိုက်ထားတယ်။ magazine တွေအတွက် ရိုက်ပေးဖြစ်တယ်။ ကားရိုက်ကတော့ သိပ်ဝါသနာမပါဘူး။ မော်ဒယ်လ်နဲ့ ဓာတ်ပုံရိုက်တာလောက်ပဲ ၀ါသနာပါတယ်။ မင်းသားလုပ်ဖို့ကို အဲလောက်ထိ ၀ါသနာမပါသေးဘူး။ ဒီလောကထဲကို စ၀င်ဖြစ်တာက ၂၀၀၉ခုနှစ်မှာ ကိုဂျွန်ဆီမှာ သင်တန်းတက်ရင်း နှစ်ကုန်လောက်မှာ စကားဝါ သရုပ်ဆောင်သင်တန်းမှာ သရုပ်ဆောင်သင်တန်းတက်သေးတယ်။ အဲဒီကနေမှ ကားတွေ ရိုက်လိုက်သေးတယ်။ နောက်ပိုင်းကျတော့မှ သိပ်ဝါသနာမပါလို့ သိပ်မလုပ်ဖြစ်ဘူး။ ဓာတ်ပုံနဲ့မော်ဒယ်လ်အပိုင်းကိုပဲ ဆက်လုပ်ဖြစ်ပါတယ်။’လို့ သူက ပြောပါတယ်။

အနုပညာလောကထဲမှာ ကြားနေရတဲ့ ကောလာဟလတွေ၊ ပေါင်းသင်းဆက်ဆံရေးအကြောင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ‘ဒီလောကထဲမှာက ထုံးစံအတိုင်း ကောင်းတဲ့လူလဲရှိတယ်။ မကောင်းတဲ့လူလဲ ရှိတယ်။ အဓိက ကတော့ ဘယ်သူကောင်းတယ်၊ မကောင်းဘူးဆိုတာထက် လိုက်လျောညီထွေအောင် ပေါင်းတတ်ဖို့ပဲလိုပါတယ်။ ပါးစပ်က ထုတ်မပြောကြပေမဲ့ မပေါင်းဘူးပေါ့။ လိုချင်တဲ့ပညာ ရှိရင်တော့လဲ ကောင်းကောင်း၊ မကောင်းကောင်း ပညာဆည်းပူးချင်တော့ သည်းခံရမှာပဲ။ အဲလိုသည်းခံခဲ့ရတာတွေ အများကြီးရှိတယ်။ အဓိ ကကတော့ ဒီလောကထဲမှာက နေတတ်ထိုင်တတ်ဖို့အရေးကြီးတယ်။ စီနီယာ စီနီယာမှန်းသိအောင်၊ ဂျူနီယာ ဂျူနီယာမှန်း သိဖို့လိုတယ်။ သူငယ်ချင်းဆိုရင်လဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစား ဆက်ဆံဖြစ်တယ်။ ခုကျတော့ အဲလိုမဟုတ်ဘူး။ ငယ်တဲ့သူတွေက မလေးစားကြဘူး။ ကျွန်တော်တို့ဆိုရင် ရွယ်တူချင်းကိုတောင် လေးလေးစားစားဆက်ဆံဖြစ်တယ်။ ဒီလောက ကရှုပ်ထွေးတယ်။ ဆင်ဆင်ခြင်ခြင်နေဖို့လိုတယ်။’လို့ သူက ပြောပါတယ်။

ချစ်သူများနေ့အကြောင်းကိုလည်း သူက ‘အဲ့ဒီနေ့မှာတော့ သူငယ်ချင်းတွေနဲ့လျှောက်သွားဖြစ်မယ်။ အရင်နှစ်တွေလဲ အဲ့ဒီလိုပဲ။ အရင်နှစ်တုန်းက ဖန်ခွက်ထဲမှာကြက်ဥလေးကို အနှစ်တွေထုတ်ပြီး ဆေးသုတ်ပြီးတော့ Valentine Day I Love You ဆိုပြီး ရေးထားတယ်။ ကျွန်တော်ကတော့ ဆင်တူလေးတွေ ပေးတာများတယ်။ ချစ်သူများနေ့မှာ အများကြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်’တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.