အဆိုတော်၊ သရုပ်ဆောင် မြတ်သူအောင်ဟာ ခုအခါ ပထမအခွေ အခြားတစ်ဖက်နဲ့ မတူကွဲပြားတဲ့ ဒုတိယအယ်ဘမ်ကို ပြင်ဆင်နေပြီလို့ သိရတဲ့အတွက် သူနဲ့တွေ့ဆုံခိုက် ခုလို မေးမြန်းကြည့်လိုက်တဲ့အခါ သူက ‘အခု ဒုတိယအယ်ဘမ်အခွေကို စပြင်ဆင်နေပါပြီ။ ၁၂ပုဒ်စီစဉ်ထားတယ်။ သီချင်းရေးဆရာကို အပ်ထားတာနဲ့ဆို ပြည့်ပြီပေါ့။ ကိုယ်တိုင်ရေးထားတာက ၄ပုဒ်လောက်ပါမယ်။ တေးရေးတွေက ကိုလင်းလင်း၊ ကိုဇ၀ါ၊ မင်းယံပါမယ။် အရင်ခွေနဲ့က နဲနဲလေးတော့ ကွာမယ။် အခြားတစ်ဖက်တုန်းက အရမ်းကြမ်းတာ မပါသလို၊ အရမ်းပျော့တာလဲ မပါဘူး။ အခုက အရမ်းပျော့တာလဲ ပါမယ။် အရမ်းကြမ်းတာတွေလဲ ပါမယ်။ ဒီအခွေကိုတော့ ဒီနှစ်ကုန်ဝန်းကျင် မှန်းထားပါတယ်’တဲ့။
လာမဲ့ချစ်သူများနေ့ကို သူဖြတ်သန်းမဲ့အကြောင်းကိုတော့ ‘ရှာနေတုန်းပဲ ရှိပါသေးတယ်။ အရင်နှစ်တုန်းကလဲ တစ်ယောက်တည်းပဲ ဖြတ်သန်းတာပဲ။ အချစ်ဆိုတာက မရှိမကောင်း ရှိမကောင်းပေါ့။ ခုချိန်မှာ နားလည်ထားတဲ့အချစ်က နားလည်မှုပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အလျော့ပေးမှု နားလည်မှုက အချစ်ပေါ့။ အရင်ကတော့ ကိုယ်ချစ်ချင်တာပဲ သိတယ်။ အဓိက ကတော့ ကိုယ်ချစ်တာရော၊ မိဘ သဘောတူတာရောက တစ်ထပ်တည်းကျနေရင်တော့ အကောင်းဆုံးပေါ့။ ရွေးချယ်ဖြစ်ရင်တော့ အပြင်လူဖြစ်ဖို့များပါတယ်။ အရင်နှစ်တွေတုန်းကလဲ ရည်းစားတွေ ရှိတော့ပေးဖူးတယ။် ရဖူးတယ်။ ခုတော့ ပေးဖို့ရှာနေတုန်းပဲ ရှိသေးတယ်။ မိသားစုက ချုပ်ချယ်တာထက် မကြိုက်တာကို မပြောပဲနေတယ်။ ကျွန်တော်စိတ်ဆင်းရဲမှာစိုးလို့လေ။ အဲလိုကျတော့ စိတ်ထဲမှာ တာဝန်ကြီးသလိုခံစားရတယ်။ အိမ်ထောင်ရေးကတော့ ၄နှစ်လောက် လိုပါသေးတယ်။ နောက်၎နှစ်လောက်နေမှ စဉ်းစားဖြစ်ပါမယ်။ ရွေးချယ်ဖြစ်မယ်ဆိုရင် အချက်အလက်တွေက များတယ်။ ကျွန်တော်ကဂျီးလဲ အရမ်းများတယ်။ ယောကျာ်းတွေထဲက ယောကျာ်းတစ်ယောက်ဖြစ်တဲ့အတွက် ယောကျာ်းတွေလိုချင်တဲ့ ပုံစံတစ်ခုတည်းက၊ အရမ်းကို ဂျီးများတဲ့ အတွက်ကြောင့် ဝေးသွားတဲ့သူတွေလဲ အများကြီးပဲ။ လွတ်သွားတာတွေအများကြီးပါပဲ။ အဓိကကနားလည်မှု၊ ကိုယ်ကိုတိုင်ကြိုက်ဖို့၊သူ့အကျင့်စရိုက်၊ ကိုယ့်မိဘတွေအနေနဲ့ အမြင်သင့်တော်မတော်ပေါ့။ အများကြီးပါပဲ’လို့ သူကပြောပြသွားပါတယ်။