အပျော်တမ်းဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ မိုက်ကယ်ပေါ်တာ ဟာ တိမ်တွေရဲ့ဖွဲ့ စည်းပုံကို ဓာတ်ပုံရိုက်နေတုန်းမှာ UFO လို့ ယူဆရတဲ့ ယာဉ်ပျံတစ်ခုကို မတော်တဆရိုက်ကူးမိခဲ့တာပါ။
မိုက်ကယ်ဟာ ရိုက်ကူးထားတဲ့ပုံတွေကို ပြန်လည်ပြင်ဆင်ဖို့ သူ့ ရဲ့လက်ပ်တော့ထဲ ပြောင်းထည့်ကြည့်တော့မှ သူ့ ရဲ့ဓာတ်ပုံတွေထဲမှာ ဒီ အမျိုးအမည်မသိရတဲ့ယာဉ်ပုံစံတစ်ခုကို သတိထားမိခဲ့တာပါ။ မိုက်ကယ်ဟာ ဓာတ်ပုံမှာ နေထိုးနေတဲ့အကွက်တွေ များနေလို့ ဖျက်ပစ်မလို့ လုပ်ခဲ့ပြီးမှ ဒီယာဉ်ကို မြင်တွေ့ ခဲ့တယ်လို့  ဆိုပါတယ်။
Cornwall ပြည်နယ်၊ ကမ်းခြေအပန်းဖြေစခန်းကနေ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာဖြစ်ပြီး မိုးလေ၀သ ပညာရှင်တွေကတော့ ဒါဟာ သက်တမ်း ၄.၃ ဘီလီယံ ရှိတဲ့ ဥက္ကာခဲတစ်ခု ကြီးမားတဲ့အရှိန်နဲ့ ကမ္ဘာမြေပေါ် ပြုတ်ကျလာတာဖြစ်တယ်လို့ ဖြေရှင်းချက်ထုတ်ထားပါတယ်။
ဒါပေမယ့် Cornwall ကမ်းရိုးတန်းတစ်လျှောက်ဟာ UFO တွေ မကြာခဏမြင်တွေ့ ခဲ့ကြောင်း မှတ်တမ်းအများဆုံးရှိတဲ့နေရာဖြစ်ပြီး Cornwall UFO သုတေသနပြုလေ့လာရေးအဖွဲ့ က ဒီဒေသကို “UFO တြိဂံ” လို့ အမည်ပေးထားပြီး UFO မြင်တွေ့ မှုအကုန်လုံးကို စာရွက်စာတမ်းပြုစုထားတယ်လို့  ဆိုပါတယ်။
Ref: mirror