တီရှပ် အမိုက်စားလေးတွေကို အထာကျအောင် ဘယ်လိုဝတ်မလဲ

3468803_col1.jpg

ကိုယ့်ဆီမှာ စတစ်ကာအမိုက်စားနဲ့ တီရှပ်တွေရှိနေပမယ့် တစ်ခါလာလည်း ဂျင်းဘောင်းဘီရှည် ၊ All Star နဲ့ ဇာတ်လမ်းက ပြီးပြီးသွားတာမို့ ဘယ်လိုဖက်ရှင်အမိုက်စားတွေ ၀တ်လို့ရမလဲ ခေါင်းစားနေတယ်ဆိုရင်တော့ ခုဖော်ပြပေးမယ့် ပုံလေးတွေ ကြည့်ပြီး အိုင်ဒီယာတွေ ထုတ်ပစ်လိုက်တော့နော်။

၁။တီရှပ်တွေ ဒါမှမဟုတ် tee အမိုက်စားလေးတွေကို ခုလို စကတ်အကားလေးတွေနဲ့ တွဲဝတ်ပါ။ အင်္ကျံကို စကတ်ထဲ ထည့်ပြီး ၀တ်ဆင်ကြည့်ပါ။ ၀တ်မယ့်ဒီဇိုင်းက ရော့ခ်ဆန်တယ်ဆိုရင်တော့ boot လေးနဲ့ တွဲဝတ်လိုက်ပေါ့။

၂။ဂျင်းဘောင်ဘီတွေအစား ခုနောက်ပိုင်း ၀င်လာတဲ့ အသားကပ်ဘောင်းဘီ ဒီဇိုင်းသစ်တွေနဲ့ ကိုယ့်စိတ်ကြိုက် တီရှပ်ကို ရွေးချယ်ပြီး ၀တ်ကြည့်ပါ။ အင်္ကျံက ခါးရှည်ရှည်ပွပွဖြစ်လေ၊ မိုက်လေလေပါပဲ။

၃။တီရှပ်ခါးရှည်ပွပွကြီးတွေကို အောက်ကလုံးဝအကျပ်နဲ့ တွဲဝတ်ပြီး ပုံထဲကလို snow cap လေေးတွ ဆောင်းတာကလည်း အထာကျတယ်နော်။

၎။တီရှပ်တွေကို ဘောင်းဘီတိုနဲ့ တွဲဝတ်မယ်ဆို အရင်လို ဘောင်းဘီတိုကိုဖုံးအောင် ၀တ်မယ့်အစား ခုလို ဘောင်းဘီထဲ ထည့်ဝတ်ကြည့်လိုက်ပါ။ မြင်နေကျဒီိဇိုင်းတွေနဲ့ ကွာမှာမို့ မိုက်မှာပါပဲ။ ဘောင်းဘီက ဒီဇိုင်းတစ်ခုခုပါနေရင်တော့ ပိုကောင်းပါတယ်။

၅။တီရှပ်အပေါ်မှာ ကိုယ်က hoodie၊ ရှပ်အင်္ကျံ ဒါမှမဟုတ် Pullover တစ်ခုခု ၀တ်ထားမိရင်လည်း ဒါကို အထာကျအောင် ပုံထဲကလို ခါးမှာစည်းပြီး စတိုင်လ်ထုတ်လို့ရတယ်နော်။

၆။ဘောင်းဘီက အရမ်းတိုနေလို့ လူတွေက တီရှပ်တစ်ထပ်တည်း ၀တ်လာတယ်လို့ တစ်မျိုးမြင်မှာစိုးတဲ့ ပျိုမေတွေအတွက်တော့ ဂျင်းဘောင်းဘီ အောက်က အသားကပ်အပါးလေး တစ်ထည်ခံဝတ်လိုက်ပေါ့။ ဒါဆို ဂျင်းဘောင်းဘီကို တီရှပ်က အုပ်နေလို့ မမြင်ရရင်တောင် အောက်မှာပါမှန်းသိသာနေပြီလေ။

Ref:lookbook.nu

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.