ခြေစွာနေတဲ့ မက်ဒရစ်မြို့ ခံပြိုင်ဘက် အက်သလက်တီကိုအသင်း ကို ကိုပါဒယ်လ်ရေးဖလားမှာ ဂိုးပြတ်ချေမှုန်းလိုက်တဲ့ ကြယ်စင်စု

366522hp2.jpg

မက်ဒရစ်မြို့ ခံပြိုင်ဘက်နှစ်သင်းဟာ မနေ့ ညက ကိုပါဒယ်လ်ရေးဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ရီးယဲလ်မက်ဒရစ် နဲ့  အက်သလက်တီကိုမက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာမှာ ရီးယဲလ်က သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ကိုပါဒယ်လ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ လက်ရှိ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့အသင်း ဖြစ်ပြီး နှစ်ဆယ့်ငါးပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်ကျိုးပျက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဒီညမှာ  ကျွန်တော်တို့ နိုင်ပွဲရှာမတွေ့ ခဲ့ပါဘူး။ သူတို့ အဖွင့်ဂိုး စရသွားတဲ့အတွက် အကောင်းဆုံးဖြစ်သွားခဲ့ပြီး အနိုင်သေချာစေခဲ့တာပါ။” လို့ အက်သလက်တီကို နည်းပြ Simeone က ပြောကြားသွားခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးက နောက်ခံလူ ပီပီက သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီမာရီယာက စပိန်လူငယ် ကစားသမား ဂျီဆေးက ၇၅ မိနစ်နဲ့  ဒီမာရီယို က ၇၃ မိနစ်မှာ ဒုတိယဂိုးနဲ့ တတိယဂိုးတို့ ကို အသီးသီး သွင်းယူခဲ့ပြီး မြို့ ခံပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

တစ်ဖက် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ရီးယဲလ်ဆိုစီဒက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့  အနိုင်ယူခဲ့ပါတယ်။

Ref: eurosport.yahoo.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.