ရွှေအိုရောင်အကြည့်နဲ့ ညှို့ယူဖမ်းစားနိုင်ဖို့

main.jpg

မျက်လုံးဆိုတာ လူတစ်ယောက်ရဲ့ မျက်နှာမှာ ဆွဲဆောင်မှုအရှိဆုံးအရာပါ။ ကိုယ့်ရဲ့အကြည့်တစ်ချက်ကြောင့် တစ်ဖက်လူ၊ ကိုယ်နဲ့ပြောဆို ဆက်ဆံရမယ့်သူ တစ်ယောက်ရဲ့ စိတ်ထားဟာ ပြောင်းလဲသွားနိုင်တယ် ဆိုတာမျိုးက စာအုပ်တွေထဲမှာတင် ရှိတာမဟုတ်ပါဘူး၊ အပြင်မှာလည်း ဒီလို အကြည့်တစ်ချက်နဲ့ ဘေးက လူတွေရဲ့ အာရုံကို ဖမ်းစားပစ်နိုင်တယ်ဆိုတဲ့ သာဓကတွေ အများကြီးပါ။ ဒါ့ကြောင့် ဆွဲဆောင်အားပြင်းတဲ့ အကြည့်တစ်ချက်ကို ဖန်တီးနိုင်ဖို့ ကိုယ့်မျက်နှာရဲ့ ပြင်ဆင်ခြယ်သမှု၊ အထူးသဖြင့် မျက်လုံးခြယ်သမှုပိုင်းကို ဘယ်လိုလေး လုပ်သင့်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ ဒီတစ်ခါပြောပြပေးချင်တဲ့ မျက်လုံးခြယ်သနည်းကတော့ ရွှေအိုရောင်နဲ့ ဂန္တ၀င်ဆန်ဆန်လှစေမယ့် နည်းလေးပါ။

၁။ ပထမဆုံးအနေနဲ့ ရွှေရောင်အိုင်းရှဲဒိုးကို မျက်ခွံပေါ်ရော၊ မျက်လုံးဘေးနားကိုပါ ပုံမှာပြထားသလိုခြယ်လိုက်ပါ။

၂။အညိုရောင် အိုင်းရှဲဒိုးကို ခုနခြယ်သထားတဲ့အပေါ်မှာ crease brush သုံးပြီး ထပ်ခြယ်ပေးပါ။ မျက်ခွံအလယ်ကို နည်းနည်းချန်ပြီး အနားသတ်တွေကို ပိုခြယ်ပါ။

၃။နောက်တစ်ဆင့်ကတော့ အနက်ရောင် အိုင်းရှဲဒိုးကို ပုံမှာပြထားသလို ခြယ်သပေးဖို့ပါပဲ။

၎။မျက်ခွံအလယ်ပိုင်း မဟုတ်တော့ပဲ မျက်ခွံအပေါ်တွေကို အိုင်းရှဲဒိုးကရင်မ်နဲ့ ထပ်ခြယ်ပါ။ brush ကိုတော့ blending brush ကို ရွေးချယ်ပေးဖို့လိုပါတယ်။

၅။တာရှည်ခံပြီး မြင်လိုက်တာနဲ့ တောက်ပမှုလေးရှိနေစေဖို့ ရွှေရောင်၊ ဒါမှမဟုတ် ရွှေအိုရောင် eyegloss သုံးပေးပါ။

၆။အဆုံးသတ်ကို အိုင်းလိုင်နာနဲ့ ကိုယ့်စိတ်ကြိုက် အမိုက်စား ဆွဲပါ။ ပုံထဲကလို ကြောင်မျက်လုံးပုံစံမျိုး ခြယ်ချင်တယ်ဆိုရင်တော့ အနားသတ်လေးတွေကို လှလှပပလေး ဆွဲတတ်ရင် အဆင်ပြေပါပြီ။

ကဲ ဒီလောက်ဆိုရင်တော့ အိမ်မှာ ကိုယ့်ဘာသာကိုယ် လက်စွမ်းပြလို့ ရပြီပေါ့နော်။ သတိထားရမှာက brush တွေကို သူ့နေရာနဲ့သူ သုံးတတ်ဖို့ပါပဲ။ ပျိုမေအားလုံး ကိုယ်လိုချင်တဲ့ ပြင်ဆင်ခြယ်သမှုမျိုးကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Ref:cosmopolitan.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.