Anubis ကားကြီးအတွက် ဆံပင်တွေရင်းနှီးလိုက်ရတဲ့ ရွှေမှုန်ရတီ

smt.jpg

အနုပညာသက်တမ်း အချိန်တိုတိုအတွင်းမှာ အောင်မြင်မှုတွေ ဆင့်ကာဆင့်ကာ ပိုင်ဆိုင်နေသူကတော့ပျိုးခင်းထဲက ပွင့်သစ်ငယ်လေး ရွှေမှုန်ရတီပဲဖြစ်ပါတယ်။ သူမဟာ ဒုတိယမြောက်စိန်ခေါ်မှုဖြစ်တဲ့ 'Anubis' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပြီး ထူးခြားမှုတွေနဲ့တွေ့ရမဲ့ သူမရဲ့ ဖက်ရှင်တွေကတော့ ပရိသတ်တွေအတွက် အံ့သြစရာကောင်းလောက်အောင် ဆန်းသစ်ထားတယ်လို့ဆိုပါတယ်။ ပန်းရောင်ကိုCrazy ဖြစ်တဲ့ ကလေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ပန်းရောင်နဲ့ပတ်သတ်တဲ့ အရာတွေအားလုံးကို သူမရဲ့ တစ်ကိုယ်လုံးမှာ အရာတစ်ခုစီအနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးအတွက် ပြင်ဆင်မှုအနေနဲ့သူမရဲ့ ဆံပင်တွေကို ရင်းနှီးခဲ့ရတယ်ဆိုတဲ့ မှုန်လေးရဲ့  ပျော်ရွှင်မှုတွေ ရောယှက်နေတဲ့ အင်တာဗျူး အဖြေများကတော့…..

ရွှေမှုန် အခုရိုက်နေတဲ့ ဇာတ်ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက Anubis တဲ့။ ဒီကားလေးထဲမှာ ရွှေမှုန်က တစ်ဦးတည်းသောသမီး၊ အန်ကယ်လေးရဲ့သမီးနေရာကနေသရုပ်ဆောင်ထားတယ်။

ဒီကားလေးနဲ့ ပတ်သတ်ပြီးကြိုတင်ပြင်ဆင်မှုအနေနဲ့ဘာတွေလုပ်ဖြစ်ခဲ့လဲ။

ရွှေမှုန် အရမ်းကို စိတ်နှစ်ထားပါတယ်။ အရမ်းလည်း ပြင်ဆင်ထားပါတယ်။ ဖက်ရှင်တွေကအစ အကုန်လုံးကို သေချာပြင်ဆင်ထားပါတယ်။ ဒီကားလေးက ရွှေမှုန်ရဲ့ ဒုတိယမြောက် ရင်ခုန်မှုဖြစ်တဲ့အတွက် အရမ်းလဲ စိတ်လှုပ်ရှားနေပါတယ်။

ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်ပြီး ဘယ်သူက စီစဉ်ပေးလဲ။

ရွှေမှုန်ရဲ့ဒီဇိုင်နာ ကိုမင်းသက်စံက စီစဉ်ပေးတာပါ။ သူပဲအကုန်လုပ်ပေးတယ်။ အစအဆုံး သူပဲစီစဉ်ပေးတာပါ။

ဒီကားကြီးနဲ့ပတ်သတ်ပြီး ရွှေမှုန်ရဲ့စိတ်ခံစားချက်ကဘယ်လိုရှိလဲ။

ဒီကားမှာပါဝင်ကြတဲ့ သရုပ်ဆောင်တွေအကုန်လုံး ကြိုးစားထားတယ်။ စိတ်နှစ်ပြီး အကောင်းဆုံးလုပ်ထားတယ်။ ရလာမဲ့ အားပေးမှု၊ ပရိသတ်ရဲ့ဝေဖန်မှုတွေကလည်း အကောင်းဆုံး အနေအထားတစ်ခုဖြစ်လာလိမ့်မယ် လို.မျှော်လင့်ထားပါတယ်။

ဖက်ရှင်ဆိုတဲ့ စကားလုံးကိုရော ဘယ်လိုနားလည်ထားလဲ။

ဖက်ရှင်ကိုတော့ ကာရိုက်တာနဲ့ လိုက်အောင်ပဲဝတ်ဖြစ်ပါတယ်။ ညီမရဲ့Relax Style ကတော့ သပ်သပ်ပေါ့နော်။ ကားရိုက်နဲ့ ပတ်သတ်ရင်တော့ ကာရိုက်တာကို မျိုးစုံမတူအောင် ဖက်ရှင်ကအစထွင်ဝတ်ဖြစ်တယ်။ ဒီကားလေးထဲမှာ ဖက်ရှင်ကိုရွှေမှုန်ဆန်းသစ်ထားတယ်။ဘယ်လိုလည်းဆိုတော့ ကာလာတစ်ခုနဲ့လိုင်းလေးကို ဆွဲထားတယ်။ တစ်ခုခု ဘာပဲဖြစ်ဖြစ်All Black ဖြစ်နေခဲ့ရင်တောင် ဖုန်းလေးပဲဖြစ်ဖြစ်၊ ပိုက်ဆံအိတ်လေးပဲဖြစ်ဖြစ် ပန်းရောင်ကို ခရေစီဖြစ်တဲ့ ပုံစံမျိုးဆိုတော့လေ။ ဒီကားထဲမှာရွှေမှုန်က ပန်းရောင်ကို ခရေစီဖြစ်တဲ့ ကောင်မလေးအနေနဲ့ဆိုတော့လေ။

အပြင်မှာ အကြိုက်ဆုံးအရောင်က။

အနီနဲ့အနက်ပေါ့။

ဒီဇာတ်နဲ့ပတ်သတ်တဲ့ ရွှေမှုန်ရဲ့ရင်ခုန်မှုအနေနဲ့ကရော။

ဒီဇာတ်လေးကို ရွှေမှုန်လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ဇာတ်ညွှန်းကြိုရတယ်။ အထပ်ထပ်အခါခါလည်း အလွတ်နီးပါးရအောင်ဖတ်တယ်။ ကားတိုင်းမှာလဲ ရွှေမှုန်ကို ပေးတဲ့တာဝန်ကို ကျေအောင်ထမ်းဆောင်နေတယ်။ ပရိသတ်ကြီးစိတ်မပျက်အောင် ရွှေမှုန်ကြိုးစားနေပါတယ်။

အပြင်မှာရွှေမှုန်ဖက်ရှင်က ဘယ်လိုလေးများလဲ။

င်္Free Style လေးပါပဲ။ ရွှေမှုန်ဝတ်နေကျပုံစံက ဘောင်းဘီတိုနဲ့တီရှပ်လေးပါပဲ။ အရှည်ကျပ်ကျပ်ထုပ်ထုပ်ကြီးတွေတော့ ရွှေမှုန်မကြိုက်ဘူး။

ရွှေမှုန်ရဲ့ ဖက်ရှင်ကို ပရိသတ်တွေကြိုက်တဲ့အပေါ်။

ကျေးဇူးတင်ပါတယ်။ ရွှေမှုန် ကားတိုင်းမှာ ကာရိုက်တာနဲ့လိုက်အောင်ကြိုးစားပြီးဝတ်တယ်။ မြန်မာဝတ်စုံဆိုလဲ မြန်မာ၊ အတိုခေတ်ဆန်ဆန်ဆိုလဲ ခေတ်ဆန်ဆန်ပုံစံ၊ ရွှေမှုန်လုပ်ထားတယ်။ ကာရိုက်တာပေါ်မှာပဲ ရွှေမှုန်ရဲ့ ဖက်ရှင်တွေကို ပြောင်းလဲပြီးဝတ်ဖြစ်တယ်။ ပရိသတ်တွေ သဘောကျမယ့် ဖက်ရှင်ဘက်ကိုပဲ ဦးစားပေးပြီးလုပ်ဖြစ်မှာပါ။

Hair Style နဲ့ပတ်သတ်ရင်အမြဲပြောင်းလဲနေတာတွေ့ရတယ်။

ဆံပင်ကတော့Own Tuneပေါ့။ ကိုယ့်ဟာကိုယ် စဉ်းစားဖြစ်တယ်။ အမြဲပြင်ဆင်ဖြစ်တယ်။ ပြောင်းလဲဖြစ်တယ်။ တီထွင်ဖြစ်တယ်။ အခုလက်ရှိကတော့ အတိုလေး ညှပ်ထားတယ်။ ဒီကားလေးအတွက်ရွှေမှုန်ရဲ့ရင်းနှီးမှုပေါ့။

ရွှေမှုန်ရဲ့Hair Style နဲ့ပတ်သတ်ပြီး ဘယ်ဆိုင်တွေမှာ လုပ်ဖြစ်လဲ။

Tony Tun Tun မှာပဲ အများဆုံး လုပ်ဖြစ်တယ်။

ရွှေမှုန်မှာ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်သူငယ်ချင်းရောရှိလား။

ရွှေမှုန်မှာ သူငယ်ချင်းမရှိဘူး။ ကိုယ့်အတွက် မိသားစုက သူငယ်ချင်းလိုပဲ။ အမေရယ်၊အစ်မတွေရယ်က သူငယ်ချင်းလိုပဲဆိုတော့ သူငယ်ချင်းမရှိဘူးဖြစ်နေတယ်။ တစ်ယောက်တည်းနေတာများတဲ့အခါကျတော့ သူငယ်ချင်းလဲမရှိခဲ့ဘူး။ ကျောင်းမှာဆိုလဲ ဆရာမတွေနဲ့ပဲနေတာများတဲ့အခါကျတော့ သူငယ်ချင်းမလိုခဲ့ဘူးပေါ့နော်။ အခုချိန်ထိလဲ ဒီလိုပါပဲ။ ရှုတင်ရောက်ရင် အကုန်လုံးက သူငယ်ချင်းတွေဖြစ်သွားကြကော။ ကိုယ့်အတွက်က အပြင်သူငယ်ချင်းဆိုတာမလိုအပ်တော့ဘူး။

ရွှေမှုန်ရဲ့ အားလပ်ချိန်တွေကိုရော ဘယ်လိုဖြတ်သန်းဖြစ်လဲ။

သီချင်းနားထောင်တယ်။ ရုပ်ရှင်ကြည့်တယ်။ တခါတလေ မိသားစုတွေနဲ့ထမင်းထွက်စားတာမျိုးရှိတယ်။

ပရိသတ်တွေကိုရော ဘာပြောချင်သေးလဲ။

ပရိသတ်တွေအားပေးလို့ ဒီလိုနေရာမျိုးကို ရွှေမှုန်ရောက်နေတာပါ။ ပရိသတ်ကြီးစိတ်မပျက်အောငရွှေမှုန်ကြိုးစားသွားပါမယ်။ အမြင်မရိုးအောင်ပေါ့နော်။ ရွှေမှုန်မှားတာရှိရင်လည်း ခွင့်လွှတ်ပေးပါ။ ဖြည့်ကြည့်ပေးပါ။ လိုအပ်တာရှိရင်လည်း ထောက်ပြဝေဖန်ပေးပါ့လို.ပြောချင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.