ဝါရှင်တန် ငှက်ဥယျာဉ်ကနေ ခိုးခံလိုက်ရတဲ့ ရှားပါးဇီးကွက်

sherman_the_owl.jpg

 

ဝါရှင်တန် ငှက်ဥယျာဉ်ကနေ ရှားပါးဇီးကွက်တစ်ကောင် ခိုးခံလိုက်ရတဲ့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းကူညီမှုကို စုံစမ်းစစ်ဆေးသူတွေက ရယူနေတယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီ့ဇီးကွက်ဟာ သက်တမ်း၁၄နှစ် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့သောကြာနေ့က အခိုးခံလိုက်ရတာဖြစ်တယ်လို့ ရာကီမာ စီရင်စုငြိမ်ဝပ်ပိပြားရေး အရာရှိရုံးက ပြောပါတယ်။ ဒီဇီးကွက်ရဲ့ နာမည်ကတော့ Sherman ပါ။

ဇနီးဖြစ်သူ Marsha နဲ့ အတူ ငှက်ဥယျာဉ်မှာ အလုပ်လုပ်နေတဲ့ Shannon Dalanရဲ့ ပြောကြားချက်အရတော့ ဇီးကွက် Sherman ဟာ သူ့ဟာသူတော့ လှောင်အိမ်အပြင်ဘက်ကို ပျံမသွားပါဘူး။ ဂျက်တံခါး အဖြုတ်ခံရပြီး ငှက်နဲ့တွဲထားတဲ့ နှောင်ကြိုးကိုလည်း ဖြုတ်သွားတယ်လို့လည်း Shannon Dalan ကပြောပါတယ်။

Sherman ဟာ တစ်ပေါင်အောက် အလေးချိန်ရှိပြီး နီညိုရောင်ငှက်မွှေးတွေနဲ့ ပန်းရောင်မျက်ခွံရှိပါတယ်။ “မြောက်အမေရိကမျိုး မဟုတ်ပဲ၊ ဥရောပနဲ့ အာရှမျိုးပါ။ ဈေးကွက်မှာသွားရောင်းရင် ကန်ဒေါ်လာ ၃၀၀၀ ကနေ ၄၀၀၀ လောက်ထိ တန်တယ်။” လို့ Shannon Dalan ကပြောပါတယ်။

Ref:ap.org

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.