အချစ်ရေးကို ခုချိန်မှာ လုံးဝ မစဉ်းစားဖြစ်ဘူးလို့ ဆိုလိုက်တဲ့ နေမင်း

1530480_10202077371828542_261137996_n.jpg

သဘာဝမင်းသား တစ်လက်ဖြစ်တဲ့အပြင် ပရိသတ်တွေ တော်တော်များများက အားပေး နှစ်ခြိုက်ကြသူကတော့ သရုပ်ဆောင်နေမင်းပါ။ လတ်လလောမှာ ဒါရိုက်တာညိုမင်းလွင်၊ မင်းသမီး အိချောပိုတို့နဲ့ ဗီဒီယိုကားတစ်ကားကို ပုံဖော်ရိုက်ကူးနေပြီး အနုပညာ ပေါ်ထားရှိတဲ့ စိတ်ခံစားချက်အချို့က ဒီလိုပါတဲ့။

‘အနုပညာဆိုတာ အစ်ကို့အတွက်တော့ အရမ်းကို သိမ်မွေ့နူးညံ့လွန်းပါတယ်။ အစ်ကို့အနုပညာ အတွက် အစ်ကိုပရိသတ်အပေါ်ကို တာဝန်ကျေချင်ပါတယ်။ အနုပညာကို အကောင်းဆုံး ဖန်တီးချင်လာတယ။် ပရိသတ်အတွက် ကို ပေးဆပ်ချင်စိတ်တွေ ကြီးစိုးလာတယ်။ ပိုများလာတယ်ပေါ့။ အဲဒီအတွက် အစ်ကို အချစ်ရေးကိုတောင် သိပ်ဂရုမစိုက်မိဘူးဖြစ်နေတယ်။ အချစ်ရေးကို ခုချိန်မှာ လုံးဝမစဉ်းစားဖြစ်သေးပါဘူး။ ဇာတ်လမ်းရိုက်ကူးတဲ့အခါမှာ ဆန်းသစ်မှုနဲ့ပတ်သတ်ပြီး ကျွန်တော်ရိုက်သမျှကားတွေမှာ message ဆိုတာထက် ကျွန်တော်နိုင်သလောက်ကို ကျွန်တော်လုပ်တတ်သလောက်လေးကို လုပ်တယ်။ ဒါပါပဲ။ အခုဒီခေတ်မှာဆို အရင်ခေတ်ကကားတွေနဲ့ကွာတာက အရင် ကိုလွင်မိုးတို့၊ ကိုသားကြီးတို့ ခေတ်က ကားတွေဆို ဥပမာကျောင်းတက်တဲ့ ကားလေးတွေဆို တကယ်ကြည့်တဲ့သူပါ ကျောင်းတက်နေသလို ခံစားရတယ်။ အခု ဒီဘက်ခေတ်မှာကျတော့ အဲဒီဟာမရဘူး။ ပရိသတ်တွေကြည့်ချင်မှာပဲဆိုတဲ့ အတွေးတစ်ခုကို ထပ်ထည့်ပီးရိုက်ကူးဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက် လုပ်နေတဲ့အတွက်တော့ ဟာသမှ၊ ဒရာမာမှဆိုပြီး မရွေးချယ်ဖြစ်ဘူး။ ကိုယ့်လုပ်တဲ့ အလုပ်တစ်ခုကို ကိုယ့်အတ္တအတွက် ဘယ်တော့မှမလုပ်ခဲ့ဘူး။ ပရိသတ်ကို ကြည့်စေချင်တဲ့ စေတနာ၊ မေတ္တာတရားနဲ့ပဲဖန်တီးပေးခဲ့ပါတယ်။’လို့ သူက ပြောပြပါတယ်။

တစ်ခါတစ်လေ သူ ရိုက်လေ့ရိုက်ထရှိတဲ့ စရိုက်ကြမ်းတမ်းတဲ့ ကာရိုက်တာမျိုးတွေနဲ့ ပတ်သတ်ပြီး ပရိသတ်လိုက်လုပ်မှာ မစိုးရိမ်မိဘူးလားလို့မေးကြည့်တဲ့အခါမှာတော့ သူက ‘ဇာတ်ကားထဲမှာ ငါမိုက်ပြရိုင်းပြမယ်ဆိုတာထက် နောက်ပိုင်းမှာ ဇာတ်ကို အမြဲပြန်ဖြည်ပေးထားပါတယ်။ ရိုင်းတာကြီးပဲ ရိုက်ပြရင် အဲဒါကိုပဲ အတုယူသွားမှာလေ။ ပြန်ဖြည်ပေးထားတဲ့အခါကျတော့ ပရိသတ်တွေလဲ ဆိုးသွမ်းတဲ့ လူတစ်ယောက်တောင် ဒီလိုပြောင်းလဲပါလားဆိုတဲ့ အသိတစ်ခု ရလိမ့်ဆိုတဲ့ အကျိုးအကြောင်းလေးကို တွေးပြီး ရိုက်ကူးထားတာပါ’တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.