လီဗာပူးလ်၊မန်ယူ၊မန်စီးတီး၊ရီးယဲလ်စ် အသင်းကြီးတွေ ပါဝင်မယ့် ၂၀၁၄ ခုနှစ် ဂင်းနစ်စ် အပြည်ပြည်ဆိုင်ရာချန်ပီယံများ ဖလား

intlchampcup.jpg

ဂျူလိုင် ၂၆ ရက်နေ့ ကနေ သြဂတ်စ်လ ၄ ရက်နေ့ အထိ အမေရိကန်ပြည်ထောင်စုမြို့ ကြီးများမှာ ကျင်းပပြုလုပ်သွားမယ့် ဂင်းနစ်အပြည်ပြည်ဆိုင်ရာချန်ပီယံများဖလားပြိုင်ပွဲမှာ လီဗာပူးလ်၊မန်ယူ၊မန်စီးတီး၊ ရီးယဲလ်မက်ဒရစ်၊ အေစီမီလန်၊ရိုးမား၊အင်တာမီလန် နှင့် အိုလံပီယာကောစ့် စတဲ့ ကမ္ဘာ့ထိပ်သီး ကလပ်အသင်းကြီး ရှစ်သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ Sky Sports ရုပ်သံဌာနမှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး အသင်းကြီးတွေရဲ့ အကြိတ်အနယ်ပွဲတွေကို ရင်ခုန်စွာ ကြည့်ရှုရမှာပါ။

ပြိုင်ပွဲကျင်းပမယ့်ပုံစံက အသင်းရှစ်သင်းကို လေးသင်းစီ အုပ်စုနှစ်စုခွဲ ကစားစေမှာဖြစ်ပြီး အုပ်စု (A) မှာ ပထမရတဲ့ အသင်းနဲ့ အုပ်စု (B) မှာ ပထမရတဲ့အသင်းတို့ က နောက်ဆုံးဗိုလ်လုပွဲ မှာတွေ့ ဆုံမှာ ဖြစ်ပါတယ်။ ဖိုင်နယ်ပွဲစဉ်ကို မီယာမီ ဆန်းလိုက်ဖ်  ဘောလုံးကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ချီကာဂို၊ ဒဲလက်စ်၊ ဒန်ဗာ၊ နယူးယောက်ခ်၊ ဖီလာဒဲဖီးယား၊ ၀ါရှင်တန်ဒီစီ အစရှိတဲ့ အမေရိကမြို့ ကြီး တွေမှာ အုပ်စုပွဲစဉ်တွေကို ကျင်းပကစားသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

မနှစ်က ပြုလုပ်ခဲ့တဲ့ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်က ချယ်လ်ဆီး အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ဖိုင်နယ်မှာ အနိုင်ယူပြီး  ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီ့ပွဲမှာ ရီးယဲလ်ကစားသမား ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူခဲ့ပြီး အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာဖြစ်ပါတယ်။

Ref: skysports.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.