Christina Aguilera ပါဝင်သီဆိုခဲ့မှုကြောင့် indie-pop အဖွဲ့ A Great Big World ရဲ့သီချင်းပေါက်ခဲ့ပါပြီ။ Christina Aguilera ကဒီနှစ်ယောက်တွဲအဖွဲ့ရဲ့ single သီချင်း “Say Something” ကိုကြားခဲ့ပြီး ဒီသီချင်းရဲ့ဧည့်သည်အဆိုတော်အနေနဲ့ပြန်ပြီးအသံသွင်းဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။
လအနည်းငယ်ကြာမှာတော့ A Great Big World ရဲ့အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Ian Axel နဲ့ Chad Vaccarino တို့ဟာ Say Something သီချင်းကို Aguilera နဲ့အတူ The Voice မှာဖျော်ဖြေခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ Hot 100 ဇယားရဲ့ထိပ်ဆုံးငါးပုဒ်ထဲပါဝင်ခဲ့ပါတယ်။
Ref:billboard.com
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။