ဒုတိယမြောက် တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်နေပြီဖြစ်တဲ့အဆိုတော် ဟိဏ်းသစ်

1466280_680460021978091_1890804394_n.jpg

ရိုးနေပါပြီ၊ ဆုသုံးဆု စတဲ့ သီချင်းတွေနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိခဲ့တဲ့ ဟိဏ်းသစ်နဲ့ တွေ့ဆုံခိုက် သူ့ရဲ့ လတ်တလောအနုပညာ လှုပ်ရှားမှုကို မေးမြန်းကြည့်တဲ့အခါ  ‘Valentine နေ့မှာ အခွေတစ်ခွေ ထွက်ဖို့ရှိပါတယ်။ ပြီးရင် ကျွန်တော့်ရဲ့ ဒုတိယမြောက်တစ်ကိုယ်တော်အခွေအတွက် သီချင်းတွေ စုနေပါတယ်။ ပရိသတ်ကလည်း ကျွန်တော့်ကို ရိုးနေပါပြီ သီချင်းနဲ့ ဟိဏ်းသစ်ကို တွဲသိပေးကြလို့ အများကြီး ဝမ်းသာမိပါတယ်။ ပြီးတော့ အခုလိုမျိုး လူသစ်တွေ အများကြီးထဲမှာမှ ကျွန်တော်ကံကောင်းတယ်လို့ ပြောလို့ရတာပေါ့။ ရိုးနေပါပြီသီချင်းကလည်း ရှိုးတိုင်းလိုလိုမှာ အမြဲဆိုပေးဖြစ်နေကျ ၊ ပရိသတ်တောင်းဆိုနေကျ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီအတွက်လည်း နောက်ပိုင်း ကျွန်တော့်ရဲ့အခွေမှာလည်း ပရိသတ်ကြိုက်မဲ့ သီချင်းမျိုးတွေပဲ ဦးစားပေးပြီးတော့ လုပ်ဖြစ်သွားမယ်။’လို့ သူကပြောပါတယ်။

အဆိုပညာပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူက ‘ကျွန်တော့်လို R&Bဆိုတဲ့ အဆိုတော်တွေ အများကြီးရှိပေမဲ့ ကျွန်တော့်ရဲ့အသံToneကို သူများတွေနဲ့မတူတဲ့ အသံမျိုးဖြစ်အောင်လို့ သူများတွေထက် ပိုဆိုနိုင်တဲ့ အသံမျိုးဖြစ်အောင်လို့ နည်းနည်းဆန်းဆန်း ထွင်ပြီး ဆိုရတာမျိုးကို ကျွန်တော်ကြိုက်တယ်။ ဆိုဖြစ်တယ်။ အဲဒီလိုပုံစံမျိုးတွေ လေ့လာဖြစ်တယ်။ အခုနောက်ပိုင်းမှာ ရက်ပ် ၊HipHop ဂီတပုံစံမျိုးတွေ ပိုခေတ်စားလာတယ်။ အခုနောက်ပိုင်း R&B အဆိုတော်တွေကလည်း Rapဆန်ဆန်ပုံစံမျိုးတွေ ဆိုလာကြတယ်။ ကျွန်တော်လည်း နောက်ပိုင်းမှာ ကျွန်တော်ဆိုနေကျ ပုံစံမျိုးနဲ့မတူ နဲနဲကွဲမယ့် ပုံစံမျိုးဆိုသွားဖို့ရှိပါတယ်’တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.