Kelly Clarkson ရဲ့ အောင်မြင်မှုအနိမ့်အမြင့်များ

kelly_clarkson_wrapped_in_red.jpg

Kelly Clarkson ကို ၁၉၈၂ ခုနှစ်၊ ဧပြီလ၊ ၂၄ရက်နေ့မှာTexas ပြည်နယ် Fort Wort မှာမွေးဖွားခဲ့ပါတယ်။ urleson အထက်တန်းကျောင်းကနေ ၂၀၀၀ ခုနှစ်မှာကျောင်းပြီးခဲ့ပြီး၊ ကျောင်းမှာကတည်းကသံပြိုင်သီဆိုသူအဖွဲ့မှာ ပါဝင် ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာဂီတနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အကောင်အထည်ဖော်ဖို့အတွက်Los Angeleကို ပြောင်းရွှေ့ခဲ့ပါတယ်။

၂၀၀၂ခုနှစ်မှာတော့ ‘American Idol’ ပထမရာသီအစီအစဉ်မှာ အနိုင်ရရှိခဲ့ပြီးတော့ ဆုအနေနဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ RCA တေးသံသွင်းစာချုပ်ဖြစ်ပါတယ်။ သူမရဲ့ပထမဆှုံး Single သီချင်း A Moment Like This ဟာ Billboard စာရင်းမှာနံပါတ် (၅၂) ကနေ နံပါတ် (၁)ကို ခုန်တက် သွားပါတယ်။ ပြီးတော့ သူမရဲ့ပထမအယ်လ်ဘမ်နဲ့ပဲ ဂရမ်မီဆုနှစ်ဆု ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Clarkson ဟာ တေးသံသွင်းခြင်း၊ သရုပ်ဖော်ခြင်းတွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Breakaway ကိုတော့ ၂၀၀၄ခုနှစ်မှာ ဖြန့်ချီခဲ့ပြီး ဒီအခွေမှာတော့ Hit ဖြစ်တဲ့သီချင်း အတော်များပါတယ်။ Since U Been Gone, Breakaway, Behind These Hazel Eyes, Walk Away တို့ပဲဖြစ်ပါတယ်။ ဒီအခွေနဲ့လည်း ဂရမ်မီဆုနှစ်ခုဖြစ်တဲ့ ''အကောင်းဆုံးအမျိုးသမီးအဆိုဆုရှင်'' နဲ့ ''အကောင်းဆုံး ပေါ့အယ်လ်ဘမ်ဆုရှင်'' တို့ကို ဆွတ်ခူးနိုင် ခဲ့ပါတယ်။

ဓာတ်ပြားပေါင်း သန်းနဲ့ချီရောင်းချရပြီးနောက် မှာတော့ Clarkson ဟာ နောက်ထပ် Hit တွေ ထိန်းသိမ်းဖို့အတွက် ဖိအားအများကြီးအောက်ရောက်နေခဲ့ပါတယ်။ Clarkson ဟာ အရင်က ကြေးစား သီချင်းရေး ဆရာတွေကို သီချင်းအပ်လေ့မရှိဘဲ သူမပူးပေါင်းရေးသားထားတဲ့ သီချင်းတွေကိုသာ အသုံးပြုလေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့သူမရဲ့တတိယ မြောက် အယ်လ်ဘမ် My December ထွက်ရှိလာတဲ့ အခါမှာတော့တေးထုတ်လုပ်သူကသူမရဲ့ ဒီအယ်လ်ဘမ်မှာ Hit တစ်ပုဒ်မှ မပါဘူးလို့ မှတ်ချက်ပေးသွားပါတယ်။ သူမရဲ့လမ်းကြောင်းမှာ အခက်အခဲတချို့ကို စတင်တွေ့ရတာပါပဲ။ ၂၀၀၇ နွေရာသီ လှည့်လည်ဖျော်ဖြေပွဲ အစီအစဉ်လည်း ဖျက်သိမ်း ပစ်ခဲ့ပါတယ်။

၂၀၀၉ မှာတော့သူမရဲ့စတုတ္ထမြောက် အယ်လ်ဘမ် All I Ever Wanted ထွက်ရှိခဲ့ပြီး ပထမဆုံး Single ဖြစ်တဲ့  "My Life Would Suck Without You" နဲ့ billboard ဇယားမှာ တဟုန်ထိုး ပစ်လွှတ်လိုက်သလို နံပါတ် (၉၇) ကနေ နံပါတ်(၁) ကို ခုန်တက်သွားခဲ့ပါတယ်။ သူမရဲ့ပထမဆုံး အယ်လ်ဘမ် စံချိန် ကို ချိုးလိုက်နိုင်တာပါ။ ဒီအယ်လ်ဘမ်ဟာ အမေရိကန်မှာ နံပါတ်(၁)ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပြီး တစ်ပတ်အတွင်းမှာပဲ အချပ်ရေပေါင်း 255,000 ရောင်းချနိုင်ခဲ့ပါတယ်။ ဒီအယ်လ်ဘမ်နဲ့သူမရဲ့နာမည် ကိုပြန်လည်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာမှာတော့ သူမရဲ့တွစ်တာ ၀က်ဘ်ဆိုဒ်မှာ ချစ်သူသက်တမ်း တစ်နှစ်ရှိပြီဖြစ်တဲ့ သူမရဲ့မန်နေဂျာဖြစ်သူ Blackstock  ရဲ့ သား Brandon Blackstock နဲ့စေ့စပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သူမရဲ့ စေ့စပ်ပွဲ အခမ်းအနားကို သူမရဲ့သီချင်း Catch My Breath ထဲမှာ သရုပ်ဖော် အဖြစ် ထည့်သွင်းခဲ့ပါတယ်။

အခုနောက်ဆုံး သတင်း ကတော့ လာမယ့်အောက်တိုဘာလ၊ ၂၉ရက်နေ့မှာ Wrapped in Red လို့အမည်ရတဲ့အယ်လ်ဘမ် တစ်ခု RCA တေးသံသွင်းကနေဖြန့်ချိဖို့ရှိပါတယ်။

(Ref:biotruestory)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.