မင်းသားလေး George ဟာ သူ့ရဲ့ပထမဆုံးအပန်းဖြေခရီးစဉ်ကို ကာရေးဘီးယန်းကျွန်းဆွယ်ထဲမှာ ရှိတဲ့ Mustique ကျွန်းမှာ သူ့ရဲ့ပထမဆုံး ပြည်ပအပန်းဖြေခရီးစဉ်ကို စတင်ခဲ့ပြီဖြစ်ပါတယ်။ အိပ်ခန်းလေးခန်း ပါတဲ့ ဗီလာဟာ အိမ်တွင်းစီမံခန့်ခွဲသူ ၊ ထမင်းချက် ၊ အိပ်ခန်းထိန်းသိမ်းသူ ၊ ဥယျာဉ်မှူး စတဲ့သူတွေ စုံစုံလင်လင် ထားရှိပေးထားပြီး ပင်လယ်ပြင်ရှုခင်းနဲ့ စိမ်းလန်းစိုပြည်တဲ့ ဥယျာဉ်ကြီးထဲမှာ တည်ရှိပါတယ်။
Kate ဟာ ဒီမှာ သူ့ရဲ့ ခြောက်လအရွယ် သားလေးနဲ့အတူ နွေရာသီဝတ်စုံပြည့် ဦးထုတ်လေးနဲ့ ဓါတ်ပုံအရိုက်ခံခဲ့ပါတယ်။ မင်းသား ၀ီလျံကတော့ သူ့ရဲ့ Cambridge က သင်ခန်းစာတွေကြောင့် အိမ်မှာပဲ နေခဲ့ရပါတယ်။ သူတို့မိသားစုဟာ ဗြိတိသျှ လေကြောင်းလိုင်းနဲ့ Vincent ဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး အဲဒီကမှတဆင့် ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ Mustique ကိုရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။
ဗီလာရဲ့အတွင်းထဲမှာတော့ နေရာတိုင်းကို ပန်းတွေ ၊ ဖယောင်းတိုင်တွေနဲ့အလှဆင်ထားပြီး တော်ဝင် မိခင်နဲ့ သားလေးအတွက် အရာရာတိုင်းမှာ အဆင်ပြေစေဖို့ ခေတ်မီ အီလက်ထရောနစ်ပစ္စည်း များစွာ တပ်ဆင်ပေးထားပါတယ်။ ဒီဇိုင်နာဟာ ဒီအိမ်ကို ၁၉၇၀ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ ပြန်လည်ပြုပြင်မွမ်းမံထားတာ ဖြစ်ပါတယ်။ အလွန်ပူတဲ့နေ့တွေမှာ သွားရောက်နေထိုင်ဖို့ အိမ်ငယ်အပိုလေးတွေလည်း ဆောက်လုပ်ပေးထားပါသေးတယ်။
သက်တောင်နှစ်ယောက်နဲ့ သူမအတွက်သီးသန့်လေယာဉ်ခန်းထဲကနေ လိုက်ပါလာခဲ့ပြီး သူမရဲ့အစ်ကိုဖြစ်သူ James Middleton ကတော့ သူမရဲ့လက်ဆွဲအိတ်ကို ခပ်ရဲရဲပဲဆွဲလာပါတယ်။ သူမရဲ့ မိဘတွေဖြစ်တဲ့ Micheal နဲ့ Carole Middleton ရယ် ၊ ညီမဖြစ်သူ Pippa တို့ဟာ ကြိုရောက်နှင့်ထားတယ်လို့ ထင်ရပြီး ပုံမှန်အားဖြင့်တော့ ဒီဗီလာဟာ တစ်ပါတ်ကို ပေါင် ၈၅၀၀ လောက်ကုန်ကျတယ်လို့ သိရပါတယ်။ မီလျံနာတွေဖြစ်တဲ့ Middleton မိသားစုအတွက်တော့ သူတို့ရဲ့အားလပ်ရက်ကို အဲဒီမှာ အချိန်ဖြုန်းဖို့ ရွေးချယ်လိုက်တာ ဘာမှမပြောပလောက်ပါဘူး။ အဲဒီရက်ပိုင်းတွေမှာ eagle-eyed လုံခြုံရေးနဲ့ အစောင့်တွေဟာ ချမ်းသာကြွယ်ဝပြီး နာမည်ကြီးတဲ့ ဧည့်သည်တွေအတွက် အတော်လေးလဲ အကာအကွယ် ပေးထားရပါတယ်။
Ref:dailymail.com