Madonna ဟာ သူနယူးယောက်ကို ရောက်ကာစမှာ သေနတ်နဲ့အချိန်ခံရပြီး မုဒိန်းကျင့်ခံခဲ့ရတယ်လို့ နိုဝင်ဘာလထုတ် Harper’s Bazaar အမေရိကန် ဖက်ရှင်မဂ္ဂဇင်းမှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။
မဂ္ဂဇင်းမှာပါတဲ့ ကိုယ်တိုင်ရေး အက်ဆေးကဏ္ဍ့ဖြစ်တဲ့ “Daring Issue” မှာ Madonna က ဒီလိုရေးခဲ့ပါတယ်။
နယူးယောက်က ကျွန်မထင်ထားတဲ့ ပုံစံမဟုတ်ခဲ့ဘူး။ ရင်ဖွင့်ပြီး မကြိုဆိုခဲ့ဘူး။ ရောက်ရောက်ချင်း ၃နှစ်မှာပဲ သေနတ်နဲ့ချိန်ပြီး ကြိုးတုပ်တယ်။ နောက်ကျောမှာ ဓားထောက်ပြီး ခေါင်မိုးပေါ်တက် မုဒိန်းကျင့်တာ ခံခဲ့ရတယ်။ ကျွန်မရဲ့ တိုက်ခန်းလဲ သုံးခါ အဖောက်ခံရတယ်။ ကျွန်မရဲ့ပထမဆုံး ရေဒီယိုကို သူတို့တွေ ယူသွားတော့ တန်ဖိုးရှိတာဆိုလို့ ဘာမှမကျန်တော့ဘူး။ ဘာ့ကြောင့် ဒီလိုတွေဖြစ်ရလည်းဆိုတာ နားကိုမလည်နိုင်ဘူး။ ကျွန်မရှင်သန်နေရတဲ့ဘ၀နဲ့ အလုပ်ကို ရဲရဲဝံ့ဝံ့ မဖြတ်သန်းနိုင်ခဲ့ဘူးဆိုရင် ဒီကမ္ဘာမှာ လူရယ်ဆိုတဲ့အဓိပ္ပါယ်ကို နားလည်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်မက တမူထူးတယ်လို့ လူအများစုကထင်ကြတယ်။ ကျွန်မမှာသူငယ်ချင်း အများကြီးလည်း မရှိပါဘူး။ အနုပညာရှင် အစစ်အမှန်တစ်ယောက်ဖြစ်ဖို့ နယူးယောက်ကို လာခဲ့တာ။ တစ်နေ့တော့ ကြွယ်ဝချမ်းသာမှုတွေ ရရမယ်၊ မိဘမဲ့၊ မိသားစုမဲ့၊ ကြင်နာသူမဲ့နေတဲ့ ကလေးတွေကို မွေးစားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ မိဘမဲ့ကလေးကို မွေးစားခဲ့တာတောင် ကလေးပြန်ပေးဆွဲမှု၊ ကလေးကုန်ကူးမှုနဲ့ တရားစွဲခံခဲ့ရသေးတယ်။ ကျွန်မရဲ့နာမည်ကြီးမှုကို အသုံးချပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်တဲ့သူ၊ အစိုးရအရာရှိတွေကို လာဘ်ထိုးတဲ့သူ၊ စုန်းမကြီး၊ ကြိုက်သလို နာမည်တပ်နိုင်တယ်။ ဟုတ်တယ်လေ။ ကျွန်မက တရားမ၀င်တာကို လုပ်ခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေကြောင့် မျက်စိပွင့် နားပွင့်တော့ ဖြစ်ခဲ့ပါတယ်။ ကျွန်မဘ၀က နိမ့်ပါးခဲ့တယ်။ ကျွန်မကို အခက်တွေ့အောင် လုပ်ခဲ့တဲ့ သူတွေကြောင့်လည်း ဒုက္ခရောက်ခဲ့ရတယ်။ ကျွန်မဟာ စင်ပေါ်မှာ စိတ်ဖြေဖျောက်ချင်ဖျောက်တယ်။ လိင်ဖျော်ဖြေရေးစာအုပ် ထုတ်ချင်ထုတ်တယ်။ ဆုပေးပွဲရှိုးမှာ Britney Spears နဲ့ နှုတ်ခမ်းချင်းနမ်းခဲ့တယ်၊ ကလေးငယ်တစ်ယောက်ရဲ့ ဘ၀ကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။ ဒါတွေအတွက် ကျွန်မ အပြစ်ရှိထိုက်ပါတယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ကျွန်မရှင်သန်ရပ်တည်နိုင်ခဲ့တယ်။
(Ref:USATODAY)