သူမရဲ့ single သီချင်းအသစ် Into The Blue ရဲ့ official audio နဲ့စာသားဗီဒီယိုထွက်ပြီး တစ်ပါတ်အကြာမှာပဲ ညှို့အားပြင်း ပြင်သစ်သရုပ်ဆောင် Clement Sibony ပါဝင်သရုပ်ဆောင်ထားတဲ့ Kaylie Minogue ရဲ့စိတ်ကူးယဉ်ဆန်တဲ့ ဂီတဗီဒီယိုအသစ်ထွက်ရှိလာပါပြီ။ ဖေဖေါ်ဝါရီလ ၃ရက်နေ့ တင်္နလာနေ့ကထွက်တာဖြစ်ပါတယ်။
ဒီဗီဒီယိုထဲမှာတော့ ပေါ့ပ်ကြယ်ပွင့်နဲ့သူမရဲ့ဒီဗီဒီယိုထဲကချစ်သူနှစ်ဦးဟာ သာသာယာယာနဲ့ ပါတီဆင်နွှဲနေရတဲ့ဘ၀၊ အိပ်ယာပေါ်မှာနှစ်ယောက်ထဲရှိနေတဲ့အချိန်နဲ့ အဖြူအမည်း နောက်ခံမြင်ကွင်းတွေကိုရောစပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အထီးကျန်လမ်းလေးမှာ Kylie ရဲ့ချစ်သူက Kylie နောက်ကိုပြေးလိုက်သွားရတဲ့ ဒရာမာလည်းပါဝင်ပါသေးတယ်။
Into The Blue သီချင်းဟာ Kylie ရဲ့မတ်လ ၁၈ ရက်မှာထွက်မယ့် album “Kiss Me Once” ရဲ့အကြိုရင်ခုန်သံတစ်ခုဖြစ်ပါတယ်။
Ref:billboard.com
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။