ကန်ဒေါ်လာ ၁၀၀၀၀ နဲ့ ထူးခြားလက္ခဏာရှိတဲ့ စူပါလူသားတွေ ကိုယ့်ကိုကိုယ်ဖော်ထုတ်နိုင်မယ့် အခွင့်အရေး

movies_xmen_wolverine_storm_men_halle_berry_united_mutants_www.wallpapernono.com_70.jpg

ထူးခြားလက္ခဏာရှိသူ (ဥပမာ အနာကျက်အရမ်းမြန်တဲ့ အရေပြား ရှိတဲ့သူမျိုး) တွေကို သိပ္ပံပညာရှင်တစ်စုက ဖော်ထုတ်ချင်နေပါတယ်။ နိုင်ငံတကာရှာဖွေမှု လုပ်နေတာပါ။ အရေပြားဆွဲဆန့်အားကောင်းသူ၊ ရောဂါတွေကို လုံးလုံးကာကွယ်တဲ့သူမျိုး စတာတွေလဲပါပါတယ်။ စူပါလူသားတွေကို လေ့လာခြင်းဖြင့် Multiple sclerosis (MS) ဆိုတဲ့ ဦးနှောက်အာရုံကြောဆဲလ်၊ ကြောရိုးအာရုံကြောတစ်သျှူး ရောင်ရမ်းထိခိုက်တဲ့ရောဂါ နဲ့ အဆစ်အမြစ်ရောင်ရမ်း ကိုက်ခဲရောဂါ (rheumatoid arthritis) စတာတွေအတွက် ကုထုံးစနစ်တွေရှာတွေ့နိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေပါတယ်။ ဆီးချိုရောဂါ၊ ၀က်ရူးပြန်ရောဂါ၊ Parkinson’s disease (အကြောအားနည်းပြီး ခြေလက်တုန်တာ) မျိုးတွေအတွက် ကုထုံးသစ်တွေ ရှာတွေမယ်လို့လည်း သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။ ဒီစီမံကိန်းကို ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးထုတ်လုံးရေးကုမ္ပဏီ UCB ကနေ အစပျိုးခဲ့တာဖြစ်ပြီး Innovation Challenge လို့ အမည်ပေးထားပါတယ်။ “ဒါဟာ ဆေးဝါးသစ်တွေ ဖြစ်ထွန်းလာဖို့ အပြောင်းအလဲသစ် ချဉ်းကပ်မှုတစ်ရပ်ပါ။”လို့ အောက်စ်ဖို့ဒ်တက္ကသိုလ် ပါမောက္ခ Dame Kay Davies ကပြောသွားပါတယ်။ Ref:dailymail.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.