တစ်ညတာအချစ်ဇာတ်လမ်းတစ်ခုကြုံတွေ့ရပြီး သတင်းထောက်မလေးတစ်ယောက်ဟာ လော့စ်အိန်ဂျလိစ်မြို့လယ်ခေါင်မှာ ဖုန်း၊ ကား၊ မှတ်ပုံတင်မပါဘဲသောင်တင်နေပြီး အစီအစဉ်တင်ဆက်သူဖြစ်ချင်တဲ့သူမရဲ့အိပ်မက်ကိုလက်လျှော့ရမလိုဖြစ်နေပါပြီ။ သူမရဲ့ဘ၀မှာ အရေးအကြီးဆုံးအလုပ်အင်တာဗျူးကို ပြင်ဆင်ပြီးမှီအောင်သွားဖို့အချိန် ၈နာရီသာရှိပါတော့တယ်။
Walk of Shame ဟာအမေရိကန်ဟာသဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Steven Brill ကရိုက်ကူးထားတာဖြစ်ပါတယ်။ မတ်လ ၁၄ ရက်မှာထွက်ဖို့စီစဉ်ထားပါတယ်။ သရုပ်ဆောင်တွေကတော့ Elizabeth Banks, James Marsden, Gillan Jacobs, Sarah Wright, Ethan Suplee, Oliver Hudson နဲ့ Willie Garson တို့ဖြစ်ကြပါတယ်။
Ref:en.wikipedia.org
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။