မိသားစု အပန်းဖြေခရီးထွက်ရန် အကောင်းဆုံးနေရာ

20941820_s.jpg

          တကယ်လို့များ သင့်အနေနဲ့ မိသားစု အပန်းဖြေခရီးထွက်ဖို့ စီစဉ်နေတယ်ဆိုပါတော့။ ဒါဆို ဘာလို့များ Hawaii (ဟာဝိုင်အီ) ကို မသွားရမှာလဲ။ ဟာဝိုင်အီမှာရှိတဲ့ လှပတဲ့ ကျွန်းဆွယ်တွေက သင့်ရဲ့ အားလပ်ရက်ကို မျက်လှည့်ဆန်ဆန် ပြောင်းလဲပေးပါလိမ့်မယ်။ Aloha ကမ်းခြေအပါအ၀င် စွန့်စားခန်းတွေ ၊ အပန်းဖြေ ကစားနည်းတွေက သင့်ကို ဖြားယောင်းမြူဆွယ် နေပါလိမ့်မယ်။

          ဟာဝိုင်အီမှာ ရှိနေတုန်း ဘာတွေလုပ်လို့ရလဲ။ အသက်ဝင်နေဆဲ မီးတောင်တွေကို ကြည့်မယ် ၊ ရေတက်ရေကျမှာ ဖြစ်နေတဲ့ ရေကန်ငယ်လေးတွေကို လေ့လာစူးစမ်းမယ် ၊ ဝေလငါးလေးတွေကို စောင့်ကြည့်မယ် စတဲ့ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ဆောင်ချက်များစွာ လုပ်နိုင်ပါတယ်။ ဒါတင်မကသေးဘူး သမိုင်းဝင် နေရာပေါင်း များစွာကိုလည်း သွားလည်နိုင်ပါသေးတယ်။ အမျိုးသား ဥယျာဉ်လည်း အဲဒီမှာရှိတယ်လေ။ ၀ါသနာပါရင် ကျောပိုးအိတ်တလုံးနဲ့ တောင်တက်လို့ ကောင်းတဲ့ နာမည်ကြီးတောင်တွေလည်း အများကြီး တည်ရှိပါတယ်။ ဟာဝိုင်အီမှာရှိတဲ့ interactive museums ဆိုတာ ကလေးတွေကြားမှာ အလွန်ပဲရေပန်းစားပါတယ်။

          ဒါ့အပြင် ဟာဝိုင်အီဆိုတာ သက်တမ်းရင့် အပန်းဖြေစခန်းကြီးတစ်ခုဖြစ်တာကြောင့် အလွန်ပြည့်စုံတဲ့ ဇိမ်ခံပစ္စည်းမျိုးစုံနဲ့ အပန်းဖြေစခန်းလေးတွေလည်း အများအပြား တည်ရှိပါတယ်။ ဘယ်တော့မှ မရိုးနိုင်တဲ့ ၀န်ဆောင်မှုတွေနဲ့ အသားကျနေပြီးသား ဟော်တယ်တွေ ၊ resort တွေလည်းအများကြီးပါပဲ။ ဒီထဲကမှ ခရီးသွားအများစု ထောက်ခံချက်ပေးထားတဲ့ Resort တွေကတော့ –

–       The Fairmont Orchid

–       Four Seasons Resort

–       Aulani (Disney Resort) တို့ပဲဖြစ်ပါတယ်။

ဒီတော့ မိသားစု အားလပ်ရက်မှာ အပန်းဖြေခရီးထွက်တော့မယ်ဆိုရင် ဟာဝိုင်အီ ကျွန်းဆွယ်ကိုသာ စာရင်းရဲ့ထိပ်ဆုံးမှာ ချရေးထားလိုက်ပါ။

Ref:betterbythemin.com

 

2 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.