မန်စီးတီးဟာ သူတို့ ခြေစွမ်းနဲ့ မတန်ဘဲ ဆုတံဆိပ်အနည်းငယ်သာ ရရှိခဲ့ရတယ်လို့ ဂရုဏာစကားဆိုလိုက်တဲ့ မော်ရင်ဟို

falanqaynta.jpg

ဒီနေ့ ည ကစားမယ့် မန်စီးတီးနဲ့ ချယ်လ်ဆီးပွဲစဉ်မတိုင်ခင် ချယ်လ်ဆီးနည်းပြ မော်ရင်ဟို က မန်စီးတီးအသင်း အကြောင်းကို အခုလိုထုတ်ဖော်ပြောဆိုခဲ့တာပါ။

“သူတို့ ချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ဖလားအနည်းငယ်ရရှိခဲ့တယ်။ အသင်းကလည်းအရမ်းကောင်းတဲ့ အသင်း၊ ကစားသမားတွေကလည်း အကောင်းဆုံး၊ ပုံမှန်ဆိုရင် သူတို့ ဒီထက်များများ ဆုဖလားတွေ ရသင့်ပါတယ်။” လို့ ချယ်လ်ဆီးနည်းပြ မော်ရင်ဟို က ထုတ်ပြောခဲ့တာပါ။

၂၀၀၈ ခုနှစ်ပိုင်ရှင်အပြောင်းအလဲနောက်ပိုင်း မန်စီးတီးဟာ ၂၀၁၂ ခုနှစ်မှာ ပရီးမီးယားလိဂ်သရဖူ တစ်ခါရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ FA ဖလားရရှိခဲ့ပေမယ့် ချန်ပီယံလိဂ်သုံးကြိမ်ယှဉ်ပြိုင်မှုစလုံးမှာ အမြဲအရေးနိမ့်ခဲ့ရတာကို ရည်ရွယ်ပြောကြားခဲ့တာပါ။

မန်စီးတီးအသင်းပိုင်ရှင် Abu Dhabi မိသားစုသူဌေး Mansour ဟာ အသင်းကို ၀ယ်ယူပြီးကတည်းက ပေါင်သန်း ၇၀၀ ကျော်အထိ အကုန်အကျခံသုံးစွဲပြင်ဆင်ခဲ့ပါတယ်။  ယာယာတိုရေး၊ဒေးဗစ်ဆေးလ်ဗားတို့ လို ကမ္ဘာ့အဆင့်မီကစားသမားတွေ ခေါ်ယူစုဆောင်းပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းအဖြစ် ပြောင်းလဲ ခဲ့တာပါ။

“ ဥရောပမှာတော့ သူတို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် လွန်ခဲ့တဲ့ ရာသီတွေတုန်းက ချန်ပီယံလိဂ်မှာ သူတို့ ဆိုးဆိုးရွားရွား ကစားခဲ့ကြတယ်။ ယူရိုပါလိဂ်မှာလည်း ဒီလိုပဲ။” လို့  မော်ရင်ဟိုက ထပ်လောင်းပြောကြားသွားပါတယ်။

စပါးနည်းပြ တင်ရှားဝုဒ်ရဲ့ မန်စီးတီးဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတဲ့ စကားကို မော်ရင်ဟိုက ငြင်းဆန်လိုက်ပြီး မန်စီးတီးဟာ ဒီရာသီမှာ ကံကောင်းလို့ ထိပ်ဆုံးက ဦးဆောင်နေနိုင်တာပါလို့ ဆိုပါတယ်။

မော်ရင်ဟိုရဲ့ စကားတွေကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက ချေပဖို့ ငြင်းဆန်လိုက်ပြီး ဒီညကန်မယ့်ပွဲအတွက်သာ အာရုံအပြည့်အ၀ စိုက်ထားမယ်လို့ ဆိုခဲ့ပါတယ်။

ဒီည မန်စီးတီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီး-ချယ်လ်ဆီးပွဲစဉ်ဟာ အရေးကြီးပွဲကောင်းတစ်ပွဲဖြစ်ပြီး မန်စီးတီးသာ အနိုင်ရရှိခဲ့မယ်ဆိုရင် အာဆင်နယ်ကို တစ်မှတ်ဖြတ်ထားနိုင်မှာဖြစ်ပြီး ချယ်လ်ဆီးနဲ့  ခြောက်မှတ် တိတိကွာဟသွားမှာဖြစ်ပါတယ်။ တကယ်လို့ ချယ်လ်ဆီးသာ အနိုင်ရရှိခဲ့တယ်ဆိုရင်  မန်စီးတီးနဲ့ ရမှတ်တူ ဖြစ်လာမှာပါ။

မန်စီးတီးဟာ အိမ်ကွင်းပွဲစဉ် ၁၁ ပွဲ ကစားခဲ့ရာမှာ ၁၁ ပွဲလုံးအနိုင်ရရှိခဲ့ပြီး တစ်ပွဲကို ပျှမ်းမျှ ၄ ဂိုးအထိ သွင်းယူထားနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီပွဲမှာ ဒဏ်ရာနဲ့ အနားယူနေရတဲ့ မန်စီးတီးတိုက်စစ်မှူး ဆာဂျီယို အဂူရို ပြန်လည်ပါဝင်လိမ့်မယ်လို့ သိရှိရပါတယ်။

Ref: bbc.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.