၂၈ နှစ်အတွင်း ဒေးဗစ်ဖလားမှာ ပထမဆုံးအကြိမ်အဖြစ် ဂရိတ်ဗြိတိန်ကို ကွာတားဖိုင်နယ်အဆင့်သို့  အန်ဒီမာရေး ရောက်ရှိစေခဲ့

andy-murray_gi_2810205b.jpg

ဆန်ဒီယေဂိုမှာ ကစားခဲ့တဲ့ ဗြိတိန်ကိုယ်စားပြု အန်ဒီမာရေးနဲ့ အဖွဲ့ ဟာ အမေရိကန် ကိုယ်စားပြု ဆမ် ကွာရေး တို့ အသင်းနဲ့  ယှဉ်ပြိုင် ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ မာရေးက ဆမ်ကွာရေးကို အနိုင်ရရှိပြီး ဂရိတ်ဗြိတိန်ကို ၂၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်သို့ ရောက်ရှိစေခဲ့ပါတယ်။

မာရေးဟာ တာထွက်ကောင်းကောင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ကွာရေးကလည်း အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ အတွက် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ၇-၆ ၊ ၆-၇၊ ၆-၁၊ ၆-၃ နဲ့ မာရေးက ဆမ်ကွာရေးကို အနိုင်ယူနိုင် ခဲ့တဲ့အတွက် ဂရိတ်ဗြိတိန် ၃ ပွဲ – ၁ ပွဲ အမေရိကန် ရလဒ်နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။

ဗြိတိန် နံပါတ်တစ် တင်းနစ်ကစားသမား အန်ဒီမာရေးဟာ ဒီပွဲမှာ သူ့ ရဲ့ လက်ရည်ကို အကောင်းဆုံးပြသခဲ့ပြီး ၂၈ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်အသင်းကို ၂၀၁၄ ဒေးဗစ်ဗလားရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိစေခဲ့ပါတယ်။

Ref: starsports.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.