သူတကယ်မကျူးလွန်ခဲ့တဲ့အမှုအတွက်ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်ထွက်လာတဲ့ ပြိုင်ကားသမား Tobey Marshall ဟာ နိုင်ငံတစ်ဖြတ်ကားပြိုင်ပွဲမှာပါဝင်မှာဖြစ်ပြီး သူ့သူငယ်ချင်း Pete ရဲ့သေဆုံးမှုအတွက် ကလဲ့စားခြေမှာဖြစ်ပါတယ်။
Need for Speed ဟာအမေရိကန် အက်ရှင်ဇာတ်ကားဖြစ်ပြီးဒါရိုက်တာ Scott Waugh ကရိုက်ကူးထားတာပါ။ Electronic Arts ရဲ့ဗီဒီယိုဂိမ်း series တွေကိုအခြေခံပြန်ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Aaron Paul, Scott Mescudi (a.k.a Kid Cudi), Dominic Cooper တို့ဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့မှထွက်မှာပါ။
Ref:en.wikipedia.org
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။