အကယ်ဒမီဆုရှင် သရုပ်ဆောင် Philip Seymour Hoffmanရဲ့ အလောင်းကို နယူးယောက်စစ်တီးက တိုက်ခန်းမှာ ဖေဖော်ဝါရီ (၂)ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူဟာ အသက်၄၆နှစ် ရှိပါပြီ။
၂၀၀၅ခုနှစ် “Capote” ရုပ်ရှင်ဇာတ်ကားနဲ့ “အကောင်းဆုံး သရုပ်ဆောင်ဆု” ရရှိခဲ့တဲ့ Hoffman ဟာ ဆေးလွန်ပြီး သေဆုံးသွားတယ်လို့ New York Post က သတင်းထုတ်ပြန်ပါတယ်။ Hoffman ကို Greenwich Village တိုက်ခန်းက ရေချိုးခန်းထဲမှာ ဆေးထိုးအပ်တန်းလန်းနဲ့ ရှာတွေ့ခဲ့ရတာပါ။ Hoffman ရဲ့ လက်ထောက်က သူ့အလောင်းကို နံနက် ၁၁နာရီလောက်မှာ ရှာတွေ့ခဲ့တာလို့ New York Post ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မူးယစ်ဆေး တလွဲသုံးမှုတွေနဲ့ပတ်သက်ပြီး Hoffman နဲ့ ဆေးထိုးအပ်ကြား ဇာတ်လမ်းတွေရှိခဲ့တာမှန်ပေမယ့် သေဆုံးရခြင်းရဲ့ တရားဝင်အကြောင်းရင်းကို ထုတ်ပြန်ထားခြင်းမရှိပါဘူး။
နှစ်၂၀လောက် မူးယစ်ဆေးနဲ့ ခပ်ကင်းကင်းနေနိုင်ခဲ့တဲ့ Hoffmanဟာ ၂၀၁၂ခုနှစ်မှာ ဆေးလုံးတွေနဲ့ ဘိန်းဖြူသုံးလို့ ဝေဒနာခံစားခဲ့ရပါတယ်။ ရောဂါပြန်ထလာတာကြောင့် ၂၀၁၃ခုနှစ် မေလမှာ ဆေးဖြတ်ဋ္ဌာနသွား ပြခဲ့ရပါသေးတယ်။
Hoffmanရဲ့ ၂၀၀၅ခုနှစ် “အကောင်းဆုံးသရုပ်ဆောင်ဆု” အပါအ၀င် “Charlie Wilson’s War” (2008), “Doubt” (2009) နဲ့ “The Master” (2013) ဇာတ်ကားတွေနဲ့ အကယ်ဒမီဆု လျာထားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
Ref: starpulse.com