(၁) ကိုယ္ခံစြမ္းအား ေကာင္းေစပါတယ္
မန္က်ည္းသီးမွာ ဗီတာမင္စီ မ်ားစြာ ပါဝင္တာေၾကာင့္ ေန႔စဥ္ စားသံုးေနက် အစားအေသာက္ထဲ မန္က်ည္းသီးကို ထည့္စားေပးရင္ ဗီတာမင္စီ ခ်ဳိ႕တဲ့မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္စီ မ်ားစြာ ပါဝင္တာေၾကာင့္ ကိုယ္ခံစြမ္းအားစနစ္ကို ေကာင္းမြန္ေစပါတယ္။
(၂) ကင္ဆာေရာဂါကို တြန္းလွန္ေပးႏိုင္ပါတယ္
မန္က်ည္းသီးမွာ အင္တီေအာက္ဆီးဒင့္ေတြက မ်ားစြာ ပါဝင္တဲ့အတြက္ ခႏၶာကိုယ္ထဲမွာ ဖရီးရယ္ဒီကယ္ေတြေၾကာင့္ ထိခိုက္မႈကို ေလ်ာ့က်ေစၿပီး ကင္ဆာလို ေရာဂါေတြကို တြန္းလွန္ေပးႏိုင္ပါတယ္။
(၃ ) ဝမ္းေပ်ာ့ေပ်ာ့သြားေစပါတယ္
မန္က်ည္းသီးမွာ ပါဝင္တဲ့ အက္စစ္ဓာတ္ေၾကာင့္ ဝမ္းခ်ဳပ္တတ္သူေတြ အေနနဲ႔ ဝမ္းေပ်ာ့ေပ်ာ့ သြားေစတယ္လို႔ ဆိုၾကပါတယ္။ မန္က်ည္းသီးမွာ အမွ်င္ဓာတ္လည္း မ်ားစြာ ပါဝင္တာေၾကာင့္ ဝမ္းမခ်ဳပ္ေအာင္ ကာကြယ္ေပးႏိုင္တာပါ။
(၄ ) သည္းေျခလုပ္ငန္းေဆာင္တာ ေကာင္းေစတယ္
မန္က်ည္းသီးဟာ သည္းေျခလုပ္ငန္းေဆာင္တာ ေဝဒနာေတြကို ကုသေပးႏိုင္ပါတယ္။
(၅ ) အစာေၾကညက္ေစပါတယ္
မန္က်ည္းသီးဟာ အစာေၾကညက္ေစၿပီး အူလႈပ္ရွားမႈကို ေကာင္းမြန္ေစပါတယ္။ အစာေျခလမ္းေၾကာင္း ေဝဒနာေတြ ကုသရာမွာ မန္က်ည္းသီးကို သံုးေလ့ရွိၾကပါတယ္။
(၆) ႏွလံုးက်န္းမာေစပါတယ္
မန္က်ည္းသီးဟာ ေသြးတြင္း မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလ်ာ့က်ေစၿပီး ႏွလံုးကို က်န္းမာေစပါတယ္။
(၇) ေသြးသန္႔စင္ေစပါတယ္
မန္က်ည္းသီးဟာ ခႏၶာကိုယ္တြင္း လွည့္ပတ္ စီးဆင္းေနတဲ့ ေသြးေတြကို သန္႔စင္ေစပါတယ္။
(၈) အေရျပားကို အနာက်က္ေစပါတယ္
မန္က်ည္းသီးဟာ အေရျပား ေရာင္ရမ္းမႈ ျဖစ္စဥ္ကို အျမန္သက္သာေစၿပီး အနာက်က္ျမန္ေစပါတယ္။
(၉) လည္ေခ်ာင္းနာတာကို သက္သာေစပါတယ္
မန္က်ည္းသီးကို ေရနဲ႔ အရည္ေဖ်ာ္ၿပီး အာလုတ္က်င္းေပးတာက လည္ေခ်ာင္းနာတာကို သက္သာေစပါတယ္။
(၁၀) ေသြးဖိအားကို ပံုမွန္ျဖစ္ေစပါတယ္
မန္က်ည္းသီးမွာ ပိုတက္စီယမ္ဓာတ္ မ်ားစြာ ပါဝင္ပါတယ္။ ပိုတက္စီယမ္ဟာ ႏွလံုးခုန္ႏႈန္းကို ဟန္ခ်က္ညီေအာင္ ထိန္းေပးၿပီး ဆိုဒီယမ္ရဲ႕ အာနိသင္ကို ထိန္းခ်ဳပ္ေပးကာ ေသြးတိုးကို က်ေစပါတယ္။
[ Unicode ]
(၁) ကိုယ်ခံစွမ်းအား ကောင်းစေပါတယ်
မန်ကျည်းသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် နေ့စဉ် စားသုံးနေကျ အစားအသောက်ထဲ မန်ကျည်းသီးကို ထည့်စားပေးရင် ဗီတာမင်စီ ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။
(၂) ကင်ဆာရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်
မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့်တွေက များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး ကင်ဆာလို ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။
(၃ ) ဝမ်းပျော့ပျော့သွားစေပါတယ်
မန်ကျည်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းပျော့ပျော့ သွားစေတယ်လို့ ဆိုကြပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တာပါ။
(၄ ) သည်းခြေလုပ်ငန်းဆောင်တာ ကောင်းစေတယ်
မန်ကျည်းသီးဟာ သည်းခြေလုပ်ငန်းဆောင်တာ ဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။
(၅ ) အစာကြေညက်စေပါတယ်
မန်ကျည်းသီးဟာ အစာကြေညက်စေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အစာခြေလမ်းကြောင်း ဝေဒနာတွေ ကုသရာမှာ မန်ကျည်းသီးကို သုံးလေ့ရှိကြပါတယ်။
(၆) နှလုံးကျန်းမာစေပါတယ်
မန်ကျည်းသီးဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။
(၇) သွေးသန့်စင်စေပါတယ်
မန်ကျည်းသီးဟာ ခန္ဓာကိုယ်တွင်း လှည့်ပတ် စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်စေပါတယ်။
(၈) အရေပြားကို အနာကျက်စေပါတယ်
မန်ကျည်းသီးဟာ အရေပြား ရောင်ရမ်းမှု ဖြစ်စဉ်ကို အမြန်သက်သာစေပြီး အနာကျက်မြန်စေပါတယ်။
(၉) လည်ချောင်းနာတာကို သက်သာစေပါတယ်
မန်ကျည်းသီးကို ရေနဲ့ အရည်ဖျော်ပြီး အာလုတ်ကျင်းပေးတာက လည်ချောင်းနာတာကို သက်သာစေပါတယ်။
(၁၀) သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်
မန်ကျည်းသီးမှာ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းကို ဟန်ချက်ညီအောင် ထိန်းပေးပြီး ဆိုဒီယမ်ရဲ့ အာနိသင်ကို ထိန်းချုပ်ပေးကာ သွေးတိုးကို ကျစေပါတယ်။
Ref; goodhealth