မခါးဘူး၊ မနံဘူး၊ မခြၽဲဘူး။ ဆိမ့္ဆိမ့္ေလးနဲ႔ က်န္းမာေရးအတြက္လည္း သင့္ေတာ္တဲ့ ရွားေစာင္းလက္ပတ္သုပ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။
ပါဝင္ေသာပစၥည္းမ်ား
၁။ ရွားေစာင္းလက္ပတ္
၂။ သံပုရာရည္၊ ဆား
၃။ ၾကက္သြန္နီ
၄။ ေျမပဲေလွာ္
၅။ ပူစီနံ (သို႔) ပူဒီနာ
၆။ ၾကက္သြန္ျဖဴ
၇။ င႐ုတ္သီးစိမ္း
၈။ သၾကား
၉။ ပဲငံျပာရည္ အၾကည္
၁၀။ ရွာလကာရည္
ျပဳလုပ္နည္း
၁။ ရွားေစာင္းလက္ပတ္ကိုႏုတဲ့အတက္ေလးတြျဖတ္။ ေဘးကအဆူးေတြျဖတ္ၿပီး အေစးေတြကုန္သြားေအာင္ ေရႏိုင္ႏိုင္ေဆးပါ။
၂။ ၿပီးေတာ့ပါးပါးလွီးၿပီး ငါးမိနစ္ခန႔္ ဆားရည္စိမ္ပါ။
၃။ ၿပီးရင္ ေရျပန္ေဆး၊ ခြၽဲခြၽဲရည္ေတြထြက္လိမ့္မယ္။ ေလးငါးခါ ေဆး၊ ညႇစ္ခ်လုပ္လိုက္ၿပီးရင္ သံပုရာရည္နဲ႔ဆားနဲ႔နယ္ၿပီး ျပန္ေဆးပါ။
၄။ မခြၽဲေတာ့ရင္ ေရစင္ေအာင္ညႇစ္ၿပီး သုတ္မဲ့ ပန္းကန္ထဲထည့္ထားပါ။
ေျမပဲေလွာ္ေထာင္းထည့္ပါ။ ပူစီနံေလးပါးပါးလွီးထည့္ပါ။ ၾကက္သြန္နီပါးပါးလွီးထည့္ပါ။
၅။ ၿပီးရင္အေပၚက ေဆာ့(ၾကက္သြန္ျဖဴ င႐ုတ္သီးစိမ္း သၾကားေရာေထာင္း ၿပီးရင္ ပဲငံျပာရည္အၾကည္အက်ဲေလးထည့္၊ ဆားထည့္၊ ရွာလကာရည္ထည့္၊ သံပုရာရည္ညႇစ္၊ ေရအနည္းငယ္ထည့္ပါ) အရသာ အႀကီဳက္စပ္ၿပီးရင္ ေလာင္းခ်ၿပီး ပုဇြန္ေျခာက္ေတြထည့္လိုက္ရင္ေတာ့ စားလို႔လဲေကာင္း က်န္းမာေရးနဲ႔လဲ ညီၫြတ္တဲ့ ႏႈတ္ၿမိန္ေစတဲ့ အသုပ္တခြက္ရၿပီေပါ့ေနာ္။
[ Unicode ]
မခါးဘူး၊ မနံဘူး၊ မချွဲဘူး။ ဆိမ့်ဆိမ့်လေးနဲ့ ကျန်းမာရေးအတွက်လည်း သင့်တော်တဲ့ ရှားစောင်းလက်ပတ်သုပ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ရှားစောင်းလက်ပတ်
၂။ သံပုရာရည်၊ ဆား
၃။ ကြက်သွန်နီ
၄။ မြေပဲလှော်
၅။ ပူစီနံ (သို့) ပူဒီနာ
၆။ ကြက်သွန်ဖြူ
၇။ ငရုတ်သီးစိမ်း
၈။ သကြား
၉။ ပဲငံပြာရည် အကြည်
၁၀။ ရှာလကာရည်
ပြုလုပ်နည်း
၁။ ရှားစောင်းလက်ပတ်ကိုနုတဲ့အတက်လေးတွဖြတ်။ ဘေးကအဆူးတွေဖြတ်ပြီး အစေးတွေကုန်သွားအောင် ရေနိုင်နိုင်ဆေးပါ။
၂။ ပြီးတော့ပါးပါးလှီးပြီး ငါးမိနစ်ခန့် ဆားရည်စိမ်ပါ။
၃။ ပြီးရင် ရေပြန်ဆေး၊ ချွဲချွဲရည်တွေထွက်လိမ့်မယ်။ လေးငါးခါ ဆေး၊ ညှစ်ချလုပ်လိုက်ပြီးရင် သံပုရာရည်နဲ့ဆားနဲ့နယ်ပြီး ပြန်ဆေးပါ။
၄။ မချွဲတော့ရင် ရေစင်အောင်ညှစ်ပြီး သုတ်မဲ့ ပန်းကန်ထဲထည့်ထားပါ။
မြေပဲလှော်ထောင်းထည့်ပါ။ ပူစီနံလေးပါးပါးလှီးထည့်ပါ။ ကြက်သွန်နီပါးပါးလှီးထည့်ပါ။
၅။ ပြီးရင်အပေါ်က ဆော့(ကြက်သွန်ဖြူ ငရုတ်သီးစိမ်း သကြားရောထောင်း ပြီးရင် ပဲငံပြာရည်အကြည်အကျဲလေးထည့်၊ ဆားထည့်၊ ရှာလကာရည်ထည့်၊ သံပုရာရည်ညှစ်၊ ရေအနည်းငယ်ထည့်ပါ) အရသာ အကြီုက်စပ်ပြီးရင် လောင်းချပြီး ပုဇွန်ခြောက်တွေထည့်လိုက်ရင်တော့ စားလို့လဲကောင်း ကျန်းမာရေးနဲ့လဲ ညီညွတ်တဲ့ နှုတ်မြိန်စေတဲ့ အသုပ်တခွက်ရပြီပေါ့နော်။
Ref; asianfood