ၾကက္ဥ၊ ေထာပတ္သီးနဲ႔ သဘာဝဆံပင္အုံထူနည္း

ဆံသားပါးလို႔ ေဈးႀကီးတဲ့ ကုသမႈေတြ ထုတ္ကုန္ေတြနဲ႔ အကုန္အက်ခံဖို႔ မလိုအပ္ပါဘူး။ အိမ္တြင္းကုထုံးေလးေတြနဲ႔ သဘာဝက်က် ဆံသားထူေအာင္ ျပဳလုပ္ၾကရေအာင္ေနာ္။

(၁) ၾကက္ဥ
ပ႐ိုတိန္းဓာတ္ ဆံသားကုသမႈအတြက္ အေကာင္းဆုံးပစၥည္းက ၾကက္ဥပါ။
ဆံပင္အတိုအရွည္ေပၚ မူတည္ၿပီး ၾကက္ဥ တစ္လုံး (သို႔) ႏွစ္လုံးကို ယူပါ။ ၾကက္ဥကို ေခါက္ၿပီး ဆံပင္စိုစိုမွာ လိမ္းပါ။ မိနစ္ (၃၀) ေလာက္ထားပါ။ ၾကက္သီးေႏြးေရေလးနဲ႔ သင့္ရဲ႕ဆံပင္ကို ေဆးေၾကာၿပီး ေခါင္းေလွ်ာ္ပါ။ တစ္ပါတ္မွာ တစ္ႀကိမ္ (သို႔) ႏွစ္ႀကိမ္လုပ္ေပးႏိုင္ပါတယ္။

(၂) ေထာပတ္သီး
ပိုမိုထူထဲေသာ ဆံသားကို ရရွိဖို႔ ေထာပတ္သီးကိုလည္း သုံးႏိုင္ပါတယ္။
ႀကိတ္ေခ်ထားတဲ့ ေထာပတ္သီးတစ္လုံး၊ ငွက္ေပ်ာ္သီးတစ္လုံးနဲ႔ သံလြင္ဆီ လဘက္စားဇြန္း (၁)ဇြန္းတို႔ကို ေရာေႏွာပါ။ ဦးေရကို ႏွိပ္နယ္ေပးၿပီး ဆံသားေပၚမွာ လိမ္းေပးပါ။ မိနစ္ (၃၀)ေလာက္ထားပါ။ ေနာက္ဆုံးမွာ ေဆးေၾကာပစ္ၿပီး ေခါင္းေလွ်ာ္လို႔ရပါၿပီ။
ေထာပတ္သီးနဲ႔ ဆံပင္ေပါင္းတင္ေပးျခင္းကို တစ္ပါတ္တစ္ႀကိမ္ လုပ္ေပးႏိုင္ပါတယ္။

ဒီနည္းလမ္းေလးေတြနဲ႔ဆို လွပေက်ာ့ရွင္းပီး အမ်ားေငးရေလာက္တဲ့ ဆံပင္အုံထူထူေလးကို ပိုင္ဆိုင္ႏိုင္ၿပီေပါ့ေနာ္။

[ Unicode ]

ဆံသားပါးလို့ ဈေးကြီးတဲ့ ကုသမှုတွေ ထုတ်ကုန်တွေနဲ့ အကုန်အကျခံဖို့ မလိုအပ်ပါဘူး။ အိမ်တွင်းကုထုံးလေးတွေနဲ့ သဘာဝကျကျ ဆံသားထူအောင် ပြုလုပ်ကြရအောင်နော်။

(၁) ကြက်ဥ
ပရိုတိန်းဓာတ် ဆံသားကုသမှုအတွက် အကောင်းဆုံးပစ္စည်းက ကြက်ဥပါ။
ဆံပင်အတိုအရှည်ပေါ် မူတည်ပြီး ကြက်ဥ တစ်လုံး (သို့) နှစ်လုံးကို ယူပါ။ ကြက်ဥကို ခေါက်ပြီး ဆံပင်စိုစိုမှာ လိမ်းပါ။ မိနစ် (၃၀) လောက်ထားပါ။ ကြက်သီးနွေးရေလေးနဲ့ သင့်ရဲ့ဆံပင်ကို ဆေးကြောပြီး ခေါင်းလျှော်ပါ။ တစ်ပါတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

(၂) ထောပတ်သီး
ပိုမိုထူထဲသော ဆံသားကို ရရှိဖို့ ထောပတ်သီးကိုလည်း သုံးနိုင်ပါတယ်။
ကြိတ်ချေထားတဲ့ ထောပတ်သီးတစ်လုံး၊ ငှက်ပျော်သီးတစ်လုံးနဲ့ သံလွင်ဆီ လဘက်စားဇွန်း (၁)ဇွန်းတို့ကို ရောနှောပါ။ ဦးရေကို နှိပ်နယ်ပေးပြီး ဆံသားပေါ်မှာ လိမ်းပေးပါ။ မိနစ် (၃၀)လောက်ထားပါ။ နောက်ဆုံးမှာ ဆေးကြောပစ်ပြီး ခေါင်းလျှော်လို့ရပါပြီ။
ထောပတ်သီးနဲ့ ဆံပင်ပေါင်းတင်ပေးခြင်းကို တစ်ပါတ်တစ်ကြိမ် လုပ်ပေးနိုင်ပါတယ်။

ဒီနည်းလမ်းလေးတွေနဲ့ဆို လှပကျော့ရှင်းပီး အများငေးရလောက်တဲ့ ဆံပင်အုံထူထူလေးကို ပိုင်ဆိုင်နိုင်ပြီပေါ့နော်။

Ref; beautytips

 

267 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.