အချိန်တိုအတွင်းတင်ပါးကြီးလာစေမယ့် သဘာဝနည်းလမ်းများ

မိန်းကလေးတွေရဲ့ အလှပအပဟာ ရုပ်ရည်ကလေးတစ်ခုတည်းနဲ့ မပြည့်စုံပါဘူး။ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်-ဆိုတာလိုပဲ ဖုသင့်တဲ့နေရာ ဖု၊ ဖောင်းသင့်တဲ့ နေရာ ဖောင်းရပါတယ်။ အခုပြောပြမှာကတော့ အမျိုးသမီးတို့ ဘဝမှာ အရေးပါလှတဲ့ တင်ပါးအလှအကြောင်းပါ။ ဒီတော့ ပုရိသတို့ မျက်လုံးထဲမှာ စွဲမြဲစေဖို့ တင်ပါးသေးငယ်လှတဲ့ အမျိုးသမီးတွေအအတွက် တင်ပါးကြီးအောင်လုပ်နည်း (၃)မျိုးကို ပြောပြပေးလိုက်ပါတယ်။

၁။ လမ်းလျှောက်ပုံကို ပြောင်းလဲပါ- လမ်းလျှောက်တဲ့အခါ ပုခုံးသားတွေကို နောက်ကို အနည်းငယ်ကော့ပါ၊ ရင်ကိုလည်း မသိမသာ ကော့ပါ။ ဒီနည်းဟာ တင်ပါးကြွက်သားတွေကို အားကောင်းစေတဲ့ နည်းဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ လှမ်းတဲ့ခြေထောက်နဲ့ ကျန်တဲ့ခြေထောက်ဟာ ဖြစ်နိုင်သမျှ မျဉ်းတစ်ကြောင်းတည်း ညီပါစေ။ မော်ဒယ်တွေ Cat-walk လျှောက်တဲ့ပုံစံပါဘဲ။

၂။ တင်ပါးကြွက်သားအတွက် လေ့ကျင့်ပါ- တင်ပါးကြွက်သားတွေအတွက် အကောင်းဆုံးနည်းကတော့ စောင့်ကြောင့် ထိုင်ခြင်း၊ ရှေ့သို့ ခြေကို ဆက်ကနဲလှမ်းပြီး နောက်ခြေထောက်ကို ကွေးညွှတ်ခြင်း၊ ခြေထောက်နောက်ပြန် ကန်ခြင်း (သို့) နောက်ကို လွှဲခြင်း-တို့ ဖြစ်ပါတယ်။

၃။ လူကို ပတ်လက်အနေအထားနဲ့ ခြေထောက်တွေကို အဖြောင့်အနေအထားအတိုင်း မတင်ခြင်းလုပ်ပါ။

၎။ ရေကူးခြင်း၊ ဂျွမ်းဘားကစားခြင်း၊ ဘောလီဘောကစားခြင်း၊ မနှေးမမြန်ပြေးခြင်း-တို့ဟာလည်း တင်ပါးကြွက်သားတွေအတွက် ကောင်းပါတယ်။

၅။ ဝိတ်ချပါ- ဝိတ်မချဘူးဆိုရင် တင်ပါးကို အဆီပိုတွေ စုသွားပါတယ်။ ဒီတော့ အစားအစာ ရှောင်ခြင်းထက်၊ အားကစားပုံမှန်လုပ်ရင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။

၆။ အဝတ်အစားဝတ်တဲ့အခါ- ဘောင်းဘီဆိုရင်လည်း တင်ပါးကြွက်သားကို ကျစ်လစ်စေတဲ့၊ ပင်တင်ပေးနိုင်တဲ့ ဘောင်းဘီကို ဝတ်ပါ၊ နောက်မှာ အိတ်ကပ်နှစ်ခုပါတဲ့ ဘောင်းဘီမျိုးကို ရွေးချယ်ဝတ်ဆင်ပါ။ ဒါဟာ တင်ပါးကို ရှိတဲ့အရွယ်အစားထက် ပိုကြီးတယ်လို့ ထင်ရစေပါတယ်။ ဒါ့အပြင် ခါးသိမ်စေတဲ့ ဘောင်းဘီမျိုးလည်း ဝတ်ဆင်သင့်ပါတယ်။
ဒါကတော့ခါးအလှကိုပါ ထိန်းပေးပြီးသားဖြစ်ပြီး တင်ပါးရဲ့အလှကိုလည်း ပိုမိုပေါ်လွင်စေပါတယ်။

၇။ ခါးအလှကို ဂရုစိုက်ပါ- ခါးတုတ်တဲ့ အမျိုးသမီးတွေဆိုလည်း ခါးသိမ်စေမယ့် ခါးသိမ်တယ်လို့ ယူစရစေနိုင်တဲ့ အဝတ်အစားမျိုးကို များများ ဝတ်ပါ။ ဥပမာ- ကြိုးစည်းဂါဝန်-လိုဟာမျိုးတွေဟာ သင့်တော်ပါတယ်နော်။

6K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.