ကဲ..ဒီနေ့မှာတော့ အချစ်ရေးမှာ ကံကောင်းတဲ့သူတွေက ဘယ်လိုမျိုးစိတ်ပျော်ရွှင်မှုလေးတွေကို ရလဲဆိုတာကိုပြောပြလိုက်ပါတယ်နော်။
(၁) အချစ်ကို ရရှိခြင်း
အချစ်ရေးကံကောင်းတယ်ဆိုတာက ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မချစ်မိ မယိမ်းယိုင်မှန်းကို အလိုလို သိနေတဲ့စိတ်လေးခံစားနေရပြီဆိုရင်တော့ သူ့ရဲ့ စစ်မှန်တဲ့ အချစ်ကို ကိုယ်က ရနေတာမို့လို့ပါ။
(၂) ပျော်ရွှင်ရခြင်း
အချစ်ရေးမှာကံကောင်းတဲ့ မိန်းကလေးတွေ ပိုပြီး ပျော်ရွှင် ရပါတယ်။ ဘာကိုမှ ယုံမှားသံသယ ရှိစရာ မလိုအပ်ဘဲ ကိုယ့်မျက်နှာကို အမြဲ ကြည့်နေတတ်သူ ဖြစ်တာကြောင့် အချစ်တွေနဲ့ အတူ အမြဲလိုလို ပျော်ရွှင်နေကြရမှာပါ။
(၃) စိတ်ချရခြင်း
သဝန်တိုတာမျိုး တစ်ခါတစ်လေမှာ ဖြစ်ပေမယ့် သူ့ကို ယုံကြည်လို့ ရနေတာမျိုးပါ။ ကိုယ့်ကိုယ်ပဲ ချစ်တယ်ဆိုတာကို အပြုအမူတွေကနေရော ခံစားချက်တွေကရော သိနေတာကြောင့် စိတ်ချလို့ ရသလို သံသယတောင် ဖြစ်စရာတောင် မလိုတာပါ။
(၄) ရင်ခုန်ရခြင်း
ချစ်စခင်စ ကြင်နာစ အချိန်တွေကတော့ လူတိုင်း ရင်ခုန်ကြရတာပါပဲ။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ချစ်မြတ်နိုးနေရတဲ့ စုံတွဲတွေအတွက်တော့ ရင်ခုန်မှုတွေက အမြဲလိုလို ရှိနေတတ်ကြတာပါပဲ။ သူ့မျက်နှာကို ကြည့်မိတိုင်း စိတ်ချမ်းသာ ကြည်နူးနေမိတာမျိုးပေါ့
(၅) မငြီးငွေ့ရခြင်း
သူ့ရဲ့ အပြုအမူ အပြောအဆိုအားလုံးက ကိုယ့်အတွက် ဘယ်တော့မှ မငြီးငွေ့စေတာကို အပြန်အလှန် ခံစားရတာ အချစ်ရေး ကံကောင်းတွေမို့ သိရတာပါ။