ချိုင်း(ဂျိုင်း)မဲနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက်

ဒီနေ့မှာတော့ ချိုင်း(ဂျိုင်း)မဲနေလို့ စိတ်ညစ်နေရတဲ့ ပျိုမေတွေအတွက် ဆေးနည်းစွမ်းကောင်းလေးတစ်ခုကို ပြောပြလိုက်ပါတယ်နော်။

၁။ အာလူး

အာလူးမှာ အသားအရေကို အရောင်ချွတ်ပေးနိုင်တဲ့ အက်ဆစ်ပျော့တစ်မျိုးပါ။ အာလူးတွေကိုသာ ပါးပါးလှီးပြီး ကပ်ထားပေးလိုက်ရင် ချိုင်းတွေဖြူလာမှာပါ (သို့) အာလူးကိုကြိတ်ပြီး ရလာတဲ့အရည်ကို ချိုင်းမှာသုတ်ပါ။ မိနစ်အနည်းနယ်လောက် နှိပ်ပေးပြီး နောက်ထပ် မိနစ် ၂၀ ကြာရင် ရေနွေးလေးနဲ့ဆေးပေးရမှာပဲဖြစ်ပါတယ်။ နောက်ရက်မှာ ချိုင်းချွေးနံ့ပျောက်ဆေး မသုံးဘဲထားပါ။ အဲ့ဒီလိုမျိုးလေး နေ့တိုင်းသာလုပ်သွားမယ်ဆို ၂ ပတ် (သို့) ၃ပတ်အတွင်း ချိုင်းလေးဖြူလာမှာပါနော်။

၂။ သခွားသီး

သခွားသီးကိုကြိတ်ပြီး အရည်စစ်ယူထားပါ။ ရလာတဲ့အရည်ကို စပရေးဘူးထဲထည့်ပြီးရင် ချိုင်းကြားကိုဖြန်းထားပေးရပါမယ်။ နာရီဝက်လောက်ကြာရင် ခြောက်သွားပါလိမ့်မယ်။ အဲ့ဒီတော့မှ ရေကြက်သီးနွေးလေးနဲ့ ဆေးပေးရမှာပါ။

၃။ သံပရိုသီး/သံပရာသီး

အရေပြားနဲ့ဆံပင်အတွက် သံပရိုသီးက နာမည်ကြီးဆေးတစ်လက်ပါ။ သံပရာသီးလေးနဲ့ ချိုင်းကြားကိုပွတ်ပေးပြီး ၁၅ မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ပြန်ဆေးပေးရပါမယ်။ ရေဆေးပြီးရင်တော့ ချိုင်းကြားကို အစိုဓာတ်ဖြည့်ခရင်မ်တစ်ခုခု လိမ်းပေးဖို့လိုပါတယ်။ ဒီနည်းက ချိုင်းကြားဖြူစေမယ့် အထိရောက်ဆုံး သဘာဝနည်းဆိုလည်းမှန်ပါတယ်။

Res;BEAUTY BLOG

485 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.