ကိုရီးယားၾကက္ေၾကာ္နည္း

ကိုရီးယားကားၾကည့္ရင္း ကိုရီးယားၾကက္ေၾကာ္ေလးဆြဲလိုက္ရေအာင္။ ပူပူႂကြပ္ႂကြပ္ေလးနဲ႔ အရသာထူးတဲ့ ကိုရီးယားၾကက္ေၾကာ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
(ၾကက္သားေၾကာ္ရန္)
ၾကက္သား – (၁၅) က်ပ္သား
ၾကက္ဥ – (၁) လုံး
ေျပာင္းေကာ္မႈန႔္ (သို႔) အာလူးေကာ္မႈန႔္ – (၂) ဇြန္း
င႐ုတ္ေကာင္းမႈန႔္ – အနည္းငယ္
ၾကက္သြန္ျဖဴ – အနည္းငယ္

(အခ်ဥ္ျပဳလုပ္ရန္)
ပဲငံျပာရည္အၾကည္ – (၂) ဇြန္း
ပဲငံျပာရည္အေနာက္ – ဇြန္းတစ္ဝက္
ခရမ္းခ်ဥ္သီးေဆာ့စ္ (tomato ketchup) – (၁) ဇြန္း
င႐ုတ္သီးဖတ္ေဆာ့စ္အခ်ိဳ (Sweet Chili sauce) – (၁) ဇြန္း
င႐ုတ္သီးအၾကမ္းမႈန႔္ – ဇြန္းတစ္ဝက္ (အစပ္ႀကိဳက္ရင္ပိုထည့္ပါ)

ျပဳလုပ္နည္း
၁။ ၾကက္ေၾကာ္ဖို႔ ၾကက္သားကို အတုံးခပ္ေသးေသးအေနေတာ္ေလးေတြ တုံးၿပီး ပါဝင္ပစၥည္းေတြအကုန္လုံးကို ေရာနယ္လိုက္ပါ။

၂။ ဆီပူပူမွာ အေရာင္ရဲတဲ့အထိ ဆီျမဳပ္ေအာင္ ေၾကာ္လိုက္ၿပီး ဆယ္ထားပါ။ နည္းနည္းအေအးခံထားၿပီး အတြင္းထဲထိ ေသခ်ာက်က္ဖို႔ ေနာက္ထပ္ (၃) မိနစ္ေလာက္ထပ္ေၾကာ္ရမယ္ေနာ္။ ေဆာ့စ္စပ္ဖို႔ကေတာ့ ဒယ္အိုးထဲမွာ ဆီအနည္းငယ္ထည့္ၿပီး ေဆာ့စ္စပ္ဖို႔ ပါဝင္ပစၥည္းအားလုံးကို ထည့္ကာ ေဆာ့စ္အေနအထားပုံစံ ပ်စ္ပ်စ္ေလးေရာက္တဲ့အထိ ေမႊေပးပါ။

၃။ ၿပီးရင္ေတာ့ ေၾကာ္ၿပီးသားၾကက္ေၾကာ္ထည့္ေမႊၿပီး ဒယ္အိုးထဲက ခ်ကာ စားသုံးႏိုင္ပါၿပီ။

ႀကိဳက္တတ္ရင္ေတာ့ ႏွမ္းနဲ႔ ၾကက္သြန္ၿမိတ္ေလးေတြ အေပၚကေန ျဖဴးလို႔ရပါေသးတယ္။ ၾကက္ေၾကာ္မထည့္ခင္ ေဆာ့စ္အရသာကိုေတာ့ အရင္ျမည္းၿပီး ဆား၊အခ်ိဳ လိုသလိုအနည္းငယ္ထည့္ထပ္လို႔ရပါတယ္။ ဒီအခ်ိဳးအစားေလးက ႏွစ္ေယာက္/သုံးေယာက္စာ ပဲျဖစ္လို႔ လူမ်ားရင္မ်ားသလို အခ်ိဳးအစားအလိုက္ ပိုထည့္သြား႐ုံပါပဲ။ လြယ္လည္းလြယ္သလို ခ်ိဳခ်ိဳစပ္စပ္နဲ႔ အရသာလည္းအရမ္းရွိပါတယ္ေနာ္။

[ Unicode ]

ကိုရီးယားကားကြည့်ရင်း ကိုရီးယားကြက်ကြော်လေးဆွဲလိုက်ရအောင်။ ပူပူကြွပ်ကြွပ်လေးနဲ့ အရသာထူးတဲ့ ကိုရီးယားကြက်ကြော်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
(ကြက်သားကြော်ရန်)
ကြက်သား – (၁၅) ကျပ်သား
ကြက်ဥ – (၁) လုံး
ပြောင်းကော်မှုန့် (သို့) အာလူးကော်မှုန့် – (၂) ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ကြက်သွန်ဖြူ – အနည်းငယ်

(အချဉ်ပြုလုပ်ရန်)
ပဲငံပြာရည်အကြည် – (၂) ဇွန်း
ပဲငံပြာရည်အနောက် – ဇွန်းတစ်ဝက်
ခရမ်းချဉ်သီးဆော့စ် (tomato ketchup) – (၁) ဇွန်း
ငရုတ်သီးဖတ်ဆော့စ်အချို (Sweet Chili sauce) – (၁) ဇွန်း
ငရုတ်သီးအကြမ်းမှုန့် – ဇွန်းတစ်ဝက် (အစပ်ကြိုက်ရင်ပိုထည့်ပါ)

ပြုလုပ်နည်း
၁။ ကြက်ကြော်ဖို့ ကြက်သားကို အတုံးခပ်သေးသေးအနေတော်လေးတွေ တုံးပြီး ပါဝင်ပစ္စည်းတွေအကုန်လုံးကို ရောနယ်လိုက်ပါ။
၂။ ဆီပူပူမှာ အရောင်ရဲတဲ့အထိ ဆီမြုပ်အောင် ကြော်လိုက်ပြီး ဆယ်ထားပါ။ နည်းနည်းအအေးခံထားပြီး အတွင်းထဲထိ သေချာကျက်ဖို့ နောက်ထပ် (၃) မိနစ်လောက်ထပ်ကြော်ရမယ်နော်။ ဆော့စ်စပ်ဖို့ကတော့ ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး ဆော့စ်စပ်ဖို့ ပါဝင်ပစ္စည်းအားလုံးကို ထည့်ကာ ဆော့စ်အနေအထားပုံစံ ပျစ်ပျစ်လေးရောက်တဲ့အထိ မွှေပေးပါ။
၃။ ပြီးရင်တော့ ကြော်ပြီးသားကြက်ကြော်ထည့်မွှေပြီး ဒယ်အိုးထဲက ချကာ စားသုံးနိုင်ပါပြီ။
ကြိုက်တတ်ရင်တော့ နှမ်းနဲ့ ကြက်သွန်မြိတ်လေးတွေ အပေါ်ကနေ ဖြူးလို့ရပါသေးတယ်။ ကြက်ကြော်မထည့်ခင် ဆော့စ်အရသာကိုတော့ အရင်မြည်းပြီး ဆား၊အချို လိုသလိုအနည်းငယ်ထည့်ထပ်လို့ရပါတယ်။ ဒီအချိုးအစားလေးက နှစ်ယောက်/သုံးယောက်စာ ပဲဖြစ်လို့ လူများရင်များသလို အချိုးအစားအလိုက် ပိုထည့်သွားရုံပါပဲ။ လွယ်လည်းလွယ်သလို ချိုချိုစပ်စပ်နဲ့ အရသာလည်းအရမ်းရှိပါတယ်နော်။

Ref; asianfood

 

394 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.