ချစ်ဖို့လည်းကောင်းရမယ် ၊ ဆက်စီကျရမယ် ၊ လှလည်းလှရမယ်တဲ့။ လွယ်တော့မလွယ်ဘူးနော်။
Brown Eyed Girl’s ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Gain က သူမရဲ့ ဆက်စီကျပြီး ချစ်ဖို့ကောင်းတဲ့ စတိုင်ကို အခုလိုဖော်ပြခဲ့ပါတယ်။ မကြာသေးခင်က ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံထဲမှာ Gain ဟာ သူမရဲ့ အပြင်ထွက်လည်တဲ့ စတိုင်ကို အခုလိုဖော်ပြထားပါတယ်။
မီးခိုးရောင် Smokey Eye မိတ်ကပ်နဲ့ ဂျင်းအဖြူရောင်ကို အဖြူရောင်တီရှပ်နဲ့ ၀မ်းဆက် တွဲဝတ်ထား ပြီးတော့ အနက်ရောင် သားရေဂျာကင်ကို အပေါ်က ထပ်ထားပါတယ်။ ဖိနပ်ကိုတော့ အနက်ရောင် high heels shoes ကိုရွေးချယ်ထားပြီး နေကာမျက်မှန်တပ်ဆင်ထားပါတယ်။
သူမရဲ့ဖက်ရှင်မှာ အဖြူရောင်တီရှပ်နဲ့ အဖြူရောင်ဂျင်းန်က ချစ်စရာအသွင်အပြင်ကိုရစေပါတယ်။ အနက်ရောင်လည် ကုတ်နဲ့ ဖိနပ်မြင့်က မျက်နှာမှာ ခြယ်သထားတဲ့ မိတ်ကပ်နဲ့ လိုက်ဖက်ပြီး ဆက်စီကျပါတယ်။
သူမဟာ မနေ့ကမှ “Fxxk U” ဆိုတဲ့သီချင်း MTV ထက်ရှိထားတာဖြစ်ပြီး သီချင်းကိုတော့ အောက်မှာ ခံစားနိုင်ပါတယ်။
Ref:kpopstarz.com