ခ်စ္သူေတြၾကား အခ်စ္ပိုတိုးေစတဲ့စည္းမ်ဥ္းမ်ား

ခ်စ္သူေတြျဖစ္ၿပီဆိုတာနဲ႔ တစ္ေယာက္ကို တစ္ေယာက္ အျပန္အလွန္ နားလည္ၿပီး လိုက္ဖက္ညီညီ ျဖတ္သန္းရတာမ်ိဳးပါ။ ဒါေၾကာင့္ ခ်စ္သူေတြၾကား တစ္ေယာက္ကို တစ္ေယာက္ ေလးစားေစာင့္ထိန္းၿပီး အခ်စ္ပိုတိုးေစတဲ့ စည္းမ်ဥ္းေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္ေနာ္။

(၁) လူအမ်ားေရွ႕ မႏွိမ္ရဘူး
တစ္ျခားသူေတြေရွ႕မွာ ခ်စ္သူကို ႏွိမ့္ခ် ေျပာဆိုတာက တစ္ခါ ႏွစ္ခါေလာက္ဆို မသိသာေပမဲ့ ႀကိမ္ဖန္မ်ားလာတဲ့အခါ သင့္ကို မႏွစ္ၿမိဳ႕ပဲ ေနတတ္ပါတယ္။

(၂) အတိတ္ကို အတိတ္လိုပဲ ေတြးေပးရမယ္
လက္ရွိမွာ အဆင္ေျပေအာင္ ေနေနပါလ်က္ အတိတ္က အေၾကာင္းကိုပဲ ျပစ္တင္ေနမယ္ဆိုရင္ေတာ့ အျပဳသေဘာေဆာင္တဲ့ အေျခအေနကို ဖ်က္ဆီးေနတဲ့သေဘာပါပဲ။ ၿပီးခဲ့ၿပီးတဲ့ အတိတ္ကို အတိတ္လိုပဲ သိထားၿပီး လက္ရွိမွာပဲ ေနသင့္ပါတယ္။

(၃) ကိုယ္ပိုင္အခ်ိန္ေတြ အျပန္အလွန္ေပးရမယ္
လူေတြက အခ်ိန္ ၂၄ နာရီပဲ ရွိတာမွာ အဆင္ေျပေအာင္ အခ်ိန္ေတြကို သူ႔ေနရာနဲ႔သူ ခြဲေဝၿပီး သံုးစြဲေနရတာပါ။ ဘယ္လိုပဲ ျဖစ္ပါေစ လူေတြမွာ ကိုယ္ပိုင္အခ်ိန္ ရွိဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ တကယ္ခ်စ္တယ္ဆိုရင္ သင့္အတြက္ပဲ သူ႔အခ်ိန္ေတြကို မေပးခိုင္းပဲ သူ႔အတြက္သူ အခ်ိန္ရေအာင္လည္း ေပးသင့္ပါတယ္။

(၄) အလြန္အကၽြံ သဝန္မတိုရဘူး
ဒီလုိမ်ိဳး မၾကာခဏ ျဖစ္လာရင္ သူ႔အတြက္ စိတ္ဖိစီးမႈပါ ျဖစ္လာႏိုင္ၿပီး လြတ္္လပ္မႈ မရွိေတာ့သလို ခံစားရလာႏိုင္တာေၾကာင့္ သင့္အေပၚ သူ႔ရဲ႕ ခံစားခ်က္ကလည္း စိတ္ပ်က္လာတယ္ဆိုတာအထိ ျဖစ္လာႏိုင္ပါတယ္။

(၅) လက္မပါရဘူး
ဒါကေတာ့ အဆိုးရြားဆံုးအခ်က္တစ္ခ်က္ ျဖစ္ပါတယ္။ ခ်စ္တဲ့သူကို အႀကမ္းဖက္တယ္ဆိုတည္းက တစ္ဖက္သားကို စိတ္အနာတရ ျဖစ္ေစပါတယ္။ ဒါ့အျပင္ ဒါက အက်င့္တစ္ခုလို ျဖစ္ေနရင္ေတာ့ သင့္ကို စြန္႔ခြာသြားမွာ အေသအခ်ာပါပဲ။

ဒါေၾကာင့္ ဒီစည္းမ်ဥ္းေလးေတြ လုိက္နာၿပီး အခ်စ္ေတြ ပိုပိုတိုးၾကပါေစေနာ္။

[ Unicode ]

ချစ်သူတွေဖြစ်ပြီဆိုတာနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် နားလည်ပြီး လိုက်ဖက်ညီညီ ဖြတ်သန်းရတာမျိုးပါ။ ဒါကြောင့် ချစ်သူတွေကြား တစ်ယောက်ကို တစ်ယောက် လေးစားစောင့်ထိန်းပြီး အချစ်ပိုတိုးစေတဲ့ စည်းမျဉ်းတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်နော်။

(၁) လူအများရှေ့ မနှိမ်ရဘူး
တစ်ခြားသူတွေရှေ့မှာ ချစ်သူကို နှိမ့်ချ ပြောဆိုတာက တစ်ခါ နှစ်ခါလောက်ဆို မသိသာပေမဲ့ ကြိမ်ဖန်များလာတဲ့အခါ သင့်ကို မနှစ်မြို့ပဲ နေတတ်ပါတယ်။

(၂) အတိတ်ကို အတိတ်လိုပဲ တွေးပေးရမယ်
လက်ရှိမှာ အဆင်ပြေအောင် နေနေပါလျက် အတိတ်က အကြောင်းကိုပဲ ပြစ်တင်နေမယ်ဆိုရင်တော့ အပြုသဘောဆောင်တဲ့ အခြေအနေကို ဖျက်ဆီးနေတဲ့သဘောပါပဲ။ ပြီးခဲ့ပြီးတဲ့ အတိတ်ကို အတိတ်လိုပဲ သိထားပြီး လက်ရှိမှာပဲ နေသင့်ပါတယ်။

(၃) ကိုယ်ပိုင်အချိန်တွေ အပြန်အလှန်ပေးရမယ်
လူတွေက အချိန် ၂၄ နာရီပဲ ရှိတာမှာ အဆင်ပြေအောင် အချိန်တွေကို သူ့နေရာနဲ့သူ ခွဲဝေပြီး သုံးစွဲနေရတာပါ။ ဘယ်လိုပဲ ဖြစ်ပါစေ လူတွေမှာ ကိုယ်ပိုင်အချိန် ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တကယ်ချစ်တယ်ဆိုရင် သင့်အတွက်ပဲ သူ့အချိန်တွေကို မပေးခိုင်းပဲ သူ့အတွက်သူ အချိန်ရအောင်လည်း ပေးသင့်ပါတယ်။

(၄) အလွန်အကျွံ သဝန်မတိုရဘူး
ဒီလိုမျိုး မကြာခဏ ဖြစ်လာရင် သူ့အတွက် စိတ်ဖိစီးမှုပါ ဖြစ်လာနိုင်ပြီး လွတ်လပ်မှု မရှိတော့သလို ခံစားရလာနိုင်တာကြောင့် သင့်အပေါ် သူ့ရဲ့ ခံစားချက်ကလည်း စိတ်ပျက်လာတယ်ဆိုတာအထိ ဖြစ်လာနိုင်ပါတယ်။

(၅) လက်မပါရဘူး
ဒါကတော့ အဆိုးရွားဆုံးအချက်တစ်ချက် ဖြစ်ပါတယ်။ ချစ်တဲ့သူကို အကြမ်းဖက်တယ်ဆိုတည်းက တစ်ဖက်သားကို စိတ်အနာတရ ဖြစ်စေပါတယ်။ ဒါ့အပြင် ဒါက အကျင့်တစ်ခုလို ဖြစ်နေရင်တော့ သင့်ကို စွန့်ခွာသွားမှာ အသေအချာပါပဲ။

ဒါကြောင့် ဒီစည်းမျဉ်းလေးတွေ လိုက်နာပြီး အချစ်တွေ ပိုပိုတိုးကြပါစေနော်။

Ref; rsgoals

 

244 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.