နှမ်းမည်းစေ့ရဲ့ အာနိသင်များ









[ Unicode ]

လူအများစု စားဖို့ မေ့လျော့နေ တတ်တဲ့ နှမ်းမည်းစေ့မှာ နှမ်းမည်းစေ့ရဲ့ အာနိသင်တွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

(၁ ) နှမ်းမည်းစေ့ဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ်အောင် ကာကွယ်ပေးပြီး ဓာတ်မတည့်မှု ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

(၂ ) နှမ်းမည်းစေ့ဟာ သွေးထဲမှာ အဆီ စုပုံမှုနဲ့ မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောအဆင့်ကို မြင့်တက်စေ ပါတယ်။

(၃ ) နှမ်းမည်းစေ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေရဲ့ လုပ်ငန်းဆောင်တာတစ်ခုက ရောင်ရမ်းမှုကို လျော့ကျစေတာ ဖြစ်တဲ့ အတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားပေးနိုင်ပါတယ်။

(၄ ) နှမ်းမည်းစေ့ကို စားတာကြောင့် အူမကြီးကင်ဆာ၊ အရိုးပါးရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်တာနဲ့ ရာသီအကြိုဝေဒနာတို့မဖြစ် အောင် ကာကွယ်နိုင်ပါတယ်။

(၅ )နှမ်းမည်းစေ့မှာ အများအပြား ပါဝင် တဲ့ ဗီတာမင်အီးဟာ အရေပြားရဲ့ ပျိုမျစ် နုနယ်တဲ့အသွင်ကို ထိန်းသိမ်းပေးထား ပြီး အရေပြားအိုမင်းမှုကို ဟန့်တားပေး နိုင်ပါတယ်။

( ၆ )နှမ်းမည်းစေ့မှာ ပါတဲ့ အိုမီဂါ ၃ ဖက် တီးအက်စစ်ဟာ ဦးနှောက်ကို အားဖြည့် ပေးပြီး ဦးနှောက်ရဲ့ ပျက်စီးယိုယွင်းမှု ဖြစ်စဉ်ကို နှေးကွေးသွားစေပါတယ်။ နှ လုံးရောဂါထတာကိုလည်း လျော့ကျစေ ပါတယ်။

( ၇ )နှမ်းမည်းစေ့မှာ ပါဝင်တဲ့ အမိုင်နို အက်စစ်ဟာ ဆံကေသာကို ကျန်းမာလှ ပစေပါတယ်။

Ref; goodhealth

 

139 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.