ပါဝင်သောပစ္စည်းများ
၁။ ငုံးဥ
၂။ ငါးဖယ်
၃။ ချင်း (ဂျင်း)
၎။ ကြက်သွန်ဖြူ/ နီ
၅။ ကြက်ဥ
၆။ ခရမ်းချဉ်သီး
၇။ မုန်လာဥနီ
၈။ ငရုတ်ပွ
ပြုလုပ်နည်း
[ Unicode ]
ချိုချဉ်အိစပ်လေးနဲ့ ထမင်းမြိန်မြိန်စားဖို့ ငုံးဥငါးဖယ်ချဉ်စပ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ငုံးဥ
၂။ ငါးဖယ်
၃။ ချင်း (ဂျင်း)
၄။ ကြက်သွန်ဖြူ/ နီ
၅။ ကြက်ဥ
၆။ ခရမ်းချဉ်သီး
၇။ မုန်လာဥနီ
၈။ ငရုတ်ပွ
ပြုလုပ်နည်း
၁။ အရင်ဆုံး ငုံးဥ ကိုပြုတ်ထားပါ။
၂။ ငါးဖယ် ငါးဆယ်သားကို ကြက်ဥ နှစ်လုံး၊ သာကူမှုန့်စားပွဲတင်ဇွန်း ၅ ဇွန်း၊ ကြက်သွန်မိတ်တစည်း(တောက်တောက်စင်းပြီးသား)နဲ့ အရင် စီးအောင်လက်နဲ့ မွှေပြီးရိုက်ပါ။
၃။ ငါးဖယ် စီးစီးလေးဖြစ်ပြီဆိုရင် ဆား၊ ဟင်းခတ်မှုန့် ထည့်ပြီး ကိုယ်လိုချင်သလိုအရွယ် လုံးပြီး ပြုတ်ပါ။
၄။ ငါးဖယ်များပွပြီးပေါလောပေါ်လာရင် ငါးဖယ်လုံးရပါပြီ.။
၅။ ဂျင်းကို မျှင်မျှင်လေးတွေဖြတ်ပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဥနီ၊ ငရုပ်ပွ ကို တော့ လိုချင်တဲ့ပုံဖြတ်ပါ။
၆။ ပြီးရင် ဂျင်းကြက်သွန်ဖြူ/နီ ခရမ်းချဉ်ကို ငရုပ်ချဉ် (ငရုပ်ဆော့စ်ဟုတ်ဘူးနော် ငရုပ်သီးနီပွကို အချဉ်လုပ်ထားတဲ့ ငရုပ်သီးဖတ်ကလေးတွေပါ) နဲ့ ဆီသပ်ပြီး ငုံးဥ ထည့်၊ ငါးဖယ်ထည့် ဆားသကြား၊ ပဲငံပြာရည်လေး ထည့်ပြီးကြော်ပါ။
၇။ ရေလေးနည်းနည်းနဲ့ ခဏအုပ်။ နောက်ဆုံးချခါနီး မှ ငရုပ်ပွလေး ထည့်လိုက်ရင် အရသာရှိတဲ့ ငုံးဥငါးဖယ် ဟင်းပွဲလေး သုံးဆောင်လို့ ရပါပြီနော်။
Ref; asianfood
464 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.