အနေဝေးလဲ သွေးအေးမသွားနဲ့

အနေဝေးတဲ့ ချစ်သူ အများစုက ပြတ်လွယ်ကြတယ်၊ ပြဿနာဖြစ်လွယ်ကြပြီး အချိန်ကြာလာတာနဲ့ အမျှ သွေးအေးတတ်ကြတယ်လို့ ထင်ပါတယ်။ တချို့မှာလည်း အဲဒီလိုတွေ ဖြစ်ပေမယ့် ကိုယ်က ဒီအချစ်ရေးကို ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့ လုပ်သင့်တာတွေ ရှိပါတယ်နော်။

၁။ စိတ်မချရတဲ့ အပြုအမူတွေ

တစ်ယောက်တစ်နေရာစီ ဝေးနေတဲ့အချိန်တွေမှာ စိတ်မချရတဲ့ အပြုအမူတွေ လုပ်တာက လမ်းခွဲလိုက်ရတာမျိုး ဖြစ်တတ်ပါတယ်။ ဖုန်းခေါ်ရင် မကိုင်တာမျိုး၊ စာမပြန်တာမျိုး၊ ပုံမှန်လေသံမဟုတ်တာမျိုးက အနေဝေးသူတွေကြားမှာ ပိုပြီးတော့ စိတ်ခုစေ၊ စိတ်မချဖြစ်စေတယ်လေ။ ဒီလိုတွေ မဖြစ်အောင် နေပါ။ ဖုန်းမကိုင်မိရင်လည်း ခိုင်လုံတဲ့အကြောင်းပြချက်တွေ ဖြစ်နေပါစေနော်။

၂။ အဆက်အသွယ် မပြတ်ပါစေနဲ့

အဆက်အသွယ် မပြတ်ပါစေနဲ့ဆိုတာ ထမင်းစားရေသောက် အကုန်ပြောခိုင်းတာမျိုးတော့ မဟုတ်ူဘူးပေါ့။ ဒါပေမယ့် တဖက်လူက စိတ်ပူရတဲ့အထိ ဖုန်းပိတ်ထားတာ၊ စာမပြန်တာမျိုးတွေ မလုပ်မိဖို့ လိုတယ်နော်။ ဘယ်လောက်ပဲ ရန်ဖြစ် စိတ်ဆိုးနေစေဦးတော့ အဆက်အသွယ် ဖြတ်တောက်တာမျိုး မလုပ်ပါနဲ့။ တဖက်လူက တွေးမိတွေးရာတွေ တွေးကုန်ရင် အဆင်မပြေဘဲ ညှိနှိုင်းဖို့ ပိုခက်တတ်ပါတယ်။

၃။ ပြတ်မယ် ဆိုပြီး ခဏခဏ မပြောပါနဲ့

ထစ်ခနဲရှိ ပြတ်မယ်၊ နောက်တစ်ယောက်သာ ရှာလိုက်တော့ ဒါမျိုးတွေ ပြောလေ့ရှိကြပါတယ်။ ဒါက တကယ့်ကို ရှောင်ရမယ့် အရာနော်။ ပြတ်မယ်လို့ ခဏခဏ ပြောတာက နှစ်ယောက်ကြားမှာ ယုံကြည်မှုတွေ ကင်းမဲ့စေတယ်နော်။ ခဏခဏ ပြတ်မယ်ပြောနေတာ သူတကယ် ပြတ်နိုင်လို့ နေမှာပေါ့။ သူတောင် ပြတ်နိုင်တာ ငါလည်း ပြတ်မယ်ဆိုပြီး ဖြစ်တတ်ကြပါတယ်။

၎။ စိတ်ချင်းနီးပါစေ

လူချင်းဘယ်လောက်ဝေးဝေး စိတ်ချင်းနီးဖို့က အဓိပါပဲ။ စိတ် စိတ်ချင်းနီးဖို့ဆိုတာလည်း နှစ်ယောက်စလုံးရဲ့ နားလည်မှု၊ သည်းခံခွင့်လွှတ်မှုတွေနဲ့ဆိုင်ပါတယ်။


Ref;RELATIONSHIP GOALS

216 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.