သင့္ကို သူခ်စ္ေနၿပီဆိုတာ သိႏိုင္တဲ့ အခ်က္

အခ်စ္ဆိုတာ ဖြင့္ေျပာမွာပဲ သိႏိုင္မယ့္ အရာလား။ တကယ္ေတာ့ ခ်စ္ျခင္းေမတၱာမွာ ဖြင့္ မေျပာေပမယ့္ သိႏိုင္မယ့္ ဒီလို ေပၚလြင္မႈေတြ ရွိပါတယ္။

(၁) သင္နဲ႔ အတူ ရွိေနခ်ိန္တိုင္း အေၾကာင္းရင္း ခိုင္ခိုင္မာမာ မရွိဘဲနဲ႔ ေပ်ာ္ေနလိမ့္မယ္
ရယ္စရာ၊ ေပ်ာ္စရာ အေၾကာင္းရင္း ရွိလို႔ ရယ္ေမာျခင္းမ်ိဳး မဟုတ္ပဲ သင္နဲ႔ အတူတူ မုန႔္စား၊ ေကာ္ဖီ ေသာက္ေနရင္းကိုပဲ တဖက္လူရဲ႕ မ်က္ႏွာမွာ အၿပဳံးေတြ ေဝဆာေနမယ္၊ ေပ်ာ္ေနတဲ့ပုံ အၿမဲေပါက္ေနမယ္ ဆိုရင္ေတာ့ သူဟာ သင္နဲ႔ အတူ ရွိေနရတာကို ႏွစ္သက္ေနသူ၊ သင့္ကို တဖက္သတ္ ခ်စ္ခင္ေနသူဆိုတာ ေပၚလြင္ေနေစပါၿပီ။

(၂) သင့္ကို မၾကာခဏ ၾကည့္ေနလိမ့္မယ္
“လူတဦးဟာ အျခား တေယာက္ကို ႏွစ္သက္ၿပီ၊ ခ်စ္ၿပီ ဆိုတာနဲ႔ အၿမဲ ျမင္ခ်င္ေနတတ္တယ္၊ အတူ ရွိေနရင္လည္း အၿမဲလိုလို ၾကည့္ေနတတ္တယ္။ ေလ့လာခ်က္ တခု အရ ဆိုရင္ အတူရွိခ်ိန္ အၾကည့္ရဲ႕ ၇၅ ရာခိုင္ႏႈန္း ေလာက္ထိ သူ ခ်စ္သူရဲ႕ မ်က္ႏွာနဲ႔ ကိုယ္ေပၚမွာပဲ မ်က္လုံးက ေရာက္ေနတတ္တယ္” လို႔ ဆိုပါတယ္။

(၃) သင့္ကို ဦးစားေပးလိမ့္မယ္
သင္နဲ႔ အတူ အခ်ိန္ေတြ ကုန္ဆုံး ေစခ်င္တာျဖစ္လို႔ သင့္ အလိုကို လိုက္ၿပီး သင့္ အနားမွာ အတတ္ႏိုင္ဆုံး ေနရဖို႔ သူ ႀကိဳးစားပါလိမ့္မယ္။ သင့္ စကားေတြကို သူမွတ္ထားမယ္၊ ဥပမာ သင္ ဘာႀကိဳက္တတ္တယ္ ဆိုတာကို သူ ေ႐ြးၿပီး လက္ေဆာင္ေပးတာမ်ိဳး၊ သင္ မႀကိဳက္ဘူး ဆိုတာကို သူ လုံး၀ မလုပ္ဘဲ ေရွာင္တာမ်ိဳးေတြကလည္း သင့္ကို ဦးစားေပးျခင္းေတြ ပါပဲ။

(၄) အေၾကာင္းခ်င္းရာ အေသးေလးေတြကိုေတာင္ မွတ္ထားတတ္တယ္
သင့္ ေမြးေန႔၊ သင္ သြားတတ္တဲ့ ေနရာေတြ၊ သင့္ အႀကိဳက္ေတြကို မဆိုထားပါနဲ႔၊ သူနဲ႔ ပတ္သက္ ေျပာဆိုသမွ်ေတြထဲမွာ သင့္ဆီကေန အလြယ္တမ္း ေျပာျဖစ္လိုက္တဲ့ စကားေလးေတြ၊ အေၾကာင္းအရာ ေလးေတြကိုေတာင္ သူ မွတ္ထားပါလိမ့္မယ္။

(၅) အနာဂါတ္အေၾကာင္းကို ေျပာလာလိမ့္မယ္
ဘာရယ္ မဟုတ္ပဲ သင္နဲ႔ စကားေျပာေနခ်ိန္ သူ ဘယ္လို မိသားစု ဘဝကို ပိုင္ဆိုင္ခ်င္တယ္၊ ေနာက္ဆိုရင္ ဘယ္မွာ ေနမယ္၊ ဘယ္လို စီးပြားေရး လုပ္ခ်င္တယ္ ဆိုတာကေန သင္နဲ႔ ဆင္တူတဲ့ အိမ္ေထာင္ဖက္ တေယာက္ လိုခ်င္မိတယ္ ဆိုတဲ့ အေၾကာင္းေတြပါ ရိပ္ဖမ္းသံဖမ္း ေျပာလာႏိုင္ပါတယ္။

[ Unicode ]

အချစ်ဆိုတာ ဖွင့်ပြောမှာပဲ သိနိုင်မယ့် အရာလား။ တကယ်တော့ ချစ်ခြင်းမေတ္တာမှာ ဖွင့် မပြောပေမယ့် သိနိုင်မယ့် ဒီလို ပေါ်လွင်မှုတွေ ရှိပါတယ်။

(၁) သင်နဲ့ အတူ ရှိနေချိန်တိုင်း အကြောင်းရင်း ခိုင်ခိုင်မာမာ မရှိဘဲနဲ့ ပျော်နေလိမ့်မယ်
ရယ်စရာ၊ ပျော်စရာ အကြောင်းရင်း ရှိလို့ ရယ်မောခြင်းမျိုး မဟုတ်ပဲ သင်နဲ့ အတူတူ မုန့်စား၊ ကော်ဖီ သောက်နေရင်းကိုပဲ တဖက်လူရဲ့ မျက်နှာမှာ အပြုံးတွေ ဝေဆာနေမယ်၊ ပျော်နေတဲ့ပုံ အမြဲပေါက်နေမယ် ဆိုရင်တော့ သူဟာ သင်နဲ့ အတူ ရှိနေရတာကို နှစ်သက်နေသူ၊ သင့်ကို တဖက်သတ် ချစ်ခင်နေသူဆိုတာ ပေါ်လွင်နေစေပါပြီ။

(၂) သင့်ကို မကြာခဏ ကြည့်နေလိမ့်မယ်
“လူတဦးဟာ အခြား တယောက်ကို နှစ်သက်ပြီ၊ ချစ်ပြီ ဆိုတာနဲ့ အမြဲ မြင်ချင်နေတတ်တယ်၊ အတူ ရှိနေရင်လည်း အမြဲလိုလို ကြည့်နေတတ်တယ်။ လေ့လာချက် တခု အရ ဆိုရင် အတူရှိချိန် အကြည့်ရဲ့ ၇၅ ရာခိုင်နှုန်း လောက်ထိ သူ ချစ်သူရဲ့ မျက်နှာနဲ့ ကိုယ်ပေါ်မှာပဲ မျက်လုံးက ရောက်နေတတ်တယ်” လို့ ဆိုပါတယ်။

(၃) သင့်ကို ဦးစားပေးလိမ့်မယ်
သင်နဲ့ အတူ အချိန်တွေ ကုန်ဆုံး စေချင်တာဖြစ်လို့ သင့် အလိုကို လိုက်ပြီး သင့် အနားမှာ အတတ်နိုင်ဆုံး နေရဖို့ သူ ကြိုးစားပါလိမ့်မယ်။ သင့် စကားတွေကို သူမှတ်ထားမယ်၊ ဥပမာ သင် ဘာကြိုက်တတ်တယ် ဆိုတာကို သူ ရွေးပြီး လက်ဆောင်ပေးတာမျိုး၊ သင် မကြိုက်ဘူး ဆိုတာကို သူ လုံး၀ မလုပ်ဘဲ ရှောင်တာမျိုးတွေကလည်း သင့်ကို ဦးစားပေးခြင်းတွေ ပါပဲ။

(၄) အကြောင်းချင်းရာ အသေးလေးတွေကိုတောင် မှတ်ထားတတ်တယ်
သင့် မွေးနေ့၊ သင် သွားတတ်တဲ့ နေရာတွေ၊ သင့် အကြိုက်တွေကို မဆိုထားပါနဲ့၊ သူနဲ့ ပတ်သက် ပြောဆိုသမျှတွေထဲမှာ သင့်ဆီကနေ အလွယ်တမ်း ပြောဖြစ်လိုက်တဲ့ စကားလေးတွေ၊ အကြောင်းအရာ လေးတွေကိုတောင် သူ မှတ်ထားပါလိမ့်မယ်။

(၅) အနာဂါတ်အကြောင်းကို ပြောလာလိမ့်မယ်
ဘာရယ် မဟုတ်ပဲ သင်နဲ့ စကားပြောနေချိန် သူ ဘယ်လို မိသားစု ဘဝကို ပိုင်ဆိုင်ချင်တယ်၊ နောက်ဆိုရင် ဘယ်မှာ နေမယ်၊ ဘယ်လို စီးပွားရေး လုပ်ချင်တယ် ဆိုတာကနေ သင်နဲ့ ဆင်တူတဲ့ အိမ်ထောင်ဖက် တယောက် လိုချင်မိတယ် ဆိုတဲ့ အကြောင်းတွေပါ ရိပ်ဖမ်းသံဖမ်း ပြောလာနိုင်ပါတယ်။

Ref; rsgoals

 

558 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.