ပူပူအိအိေလးနဲ႔ စားလုိ႔ေကာင္းတဲ့ ငါးဖယ္ ပုစြန္ေျပာင္းဖူးေၾကာ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။
ပါဝင္ေသာပစၥည္းမ်ား
၁။ ပုစြန္ ၂၀သား
၂။ ငါးဖယ္ ၅က်ပ္သား
၃။ ေျပာင္းဖူး ၂ဖူး
၄။ ၾကက္ဥ ၁လုံး
၅။ ဆား အနည္းငယ္
၆။ သၾကား
၇။ င႐ုတ္ေကာင္း
၈။ ႏွမ္းဆီေမႊး ၄-၅စက္
၉။ ေကာ္မႈန႔္ ၂ဇြန္း
၁၀။ပဲအေနာက္ရည္ ၂-၃စက္
ျပဳလုပ္နည္း
၁။ ပုစြန္ကို အခြံခြာ၊ ဂ်ီးထုတ္၊ ေရေဆး၊ ေရစစ္ထားၿပီးေထာင္းထားပါ။
၂။ ငါးဖယ္ကို အ႐ိုးစစ္ပါ။
၃။ ေျပာင္းဖူးကို ဓားႏွင့္ အေပၚယံလွီးပါ။
၄။ ဇလုံး တစ္ခုထဲတြင္ ပုစြန္၊ ငါးဖယ္၊ ေျပာင္းဖူ၊း ၾကက္သြန္ျဖဴ၊ ဂ်င္းအရည္ညႇစ္၊ ဆား၊ သၾကား ေကာ္မႈန႔္ င႐ုတ္ေကာင္း ႏွမ္းဆီေမႊးၾကက္ဥအကာ ထည့္၍ ေရာေမႊပါ။
၅။ အျပားေလးမ်ားလုပ္ ၍ ေရခဲေသတၱာထဲ ၁-၂နာရီခန႔္ထည့္ထားပါ။
၆။ ဆီပူပူမွာ မီးအေနေတာ္ျဖင့္ ထည့္၍ ေ႐ႊေရာင္သန္းသည္အထိေၾကာ္၍ ဆီစစ္ပါ။ဆီစစ္ စကၠဴျဖင့္ စစ္၍ ႀကိဳက္ႏွစ္သက္ရာအခ်ဥ္ျဖင့္ သုံးေဆာင္ႏိုင္ပါၿပီေနာ္။
[ Unicode ]
ပူပူအိအိလေးနဲ့ စားလို့ကောင်းတဲ့ ငါးဖယ် ပုစွန်ပြောင်းဖူးကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ပုစွန် ၂၀သား
၂။ ငါးဖယ် ၅ကျပ်သား
၃။ ပြောင်းဖူး ၂ဖူး
၄။ ကြက်ဥ ၁လုံး
၅။ ဆား အနည်းငယ်
၆။ သကြား
၇။ ငရုတ်ကောင်း
၈။ နှမ်းဆီမွှေး ၄-၅စက်
၉။ ကော်မှုန့် ၂ဇွန်း
၁၀။ပဲအနောက်ရည် ၂-၃စက်
ပြုလုပ်နည်း
၁။ ပုစွန်ကို အခွံခွာ၊ ဂျီးထုတ်၊ ရေဆေး၊ ရေစစ်ထားပြီးထောင်းထားပါ။
၂။ ငါးဖယ်ကို အရိုးစစ်ပါ။
၃။ ပြောင်းဖူးကို ဓားနှင့် အပေါ်ယံလှီးပါ။
၄။ ဇလုံး တစ်ခုထဲတွင် ပုစွန်၊ ငါးဖယ်၊ ပြောင်းဖူ၊း ကြက်သွန်ဖြူ၊ ဂျင်းအရည်ညှစ်၊ ဆား၊ သကြား ကော်မှုန့် ငရုတ်ကောင်း နှမ်းဆီမွှေးကြက်ဥအကာ ထည့်၍ ရောမွှေပါ။
၅။ အပြားလေးများလုပ် ၍ ရေခဲသေတ္တာထဲ ၁-၂နာရီခန့်ထည့်ထားပါ။
၆။ ဆီပူပူမှာ မီးအနေတော်ဖြင့် ထည့်၍ ရွှေရောင်သန်းသည်အထိကြော်၍ ဆီစစ်ပါ။ဆီစစ် စက္ကူဖြင့် စစ်၍ ကြိုက်နှစ်သက်ရာအချဉ်ဖြင့် သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood