Us Weekly မဂ္ဂဇင်း အဆိုအရ Summertime Sadness အဆိုတော်ဟာ စကော့လူမျိုး အဆိုတောါ Barrie-James O’Neill ရဲ့ကမ်းလှမ်းမှုကိုပြီးခဲ့တဲ့နွေရာသီကလက်ခံခဲ့တာဖြစ်ပြီး အဲဒီ့စေ့စပ်မှုကို လျှို့ဝှက်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကသူတို့နှစ်ဦးစေ့စပ်တယ်ဆိုတဲ့ကောလဟာလတွေထွက်ခဲ့ပြီး Lana တစ်ယောက် Los Angeles မှာအိမ်ရှာနေတုန်း လက်သူကြွယ်မှာ စိန်စေ့စပ်လက်စွပ်ဝတ်ထားတာကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။
Barrie ဟာ folk-rock ၀ိုင်း Kassidy ကအဆိုတော်တစ်ယောက်ဖြစ်ခဲ့ပြီး အခုမှာတော့ Nightmare Boy အမည်နဲ့ ၀ိုင်းမှာဆိုဖို့ဝိုင်းဟောင်းနဲ့လမ်းခွဲခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၁ ခုနှစ်မှာစပြီးတွဲခဲ့ကြတာပါ။
၂၀၁၂ ခုနှစ်အင်တာဗျူးတစ်ခုမှာတော့ Lana ရဲ့သီချင်း ‘Off to the Races” ဟာ သူမရဲ့ချစ်သူကြောင့်စိတ်ကူးရတဲ့သီချင်းဖြစ်တယ်လို့ပြောပ်တယ်။
“ကျွန်မချစ်နေတဲ့လူတစ်ယောက်ကိုတွေ့တဲ့အခါ အဲဒီ့နေ့ရဲ့အခြားအချိန်တွေနဲ့မတူတဲ့ ခံစားမှုကိုဖြစ်ပေါ်စေပါတယ်။ အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ အဲဒါက Off to the Races ရဲ့တေးသွားကိုအာရုံရစေတာဖြစ်ပါတယ်” လို့ပြောပါတယ်။
“ ဒါဟာ တစ်ယောက်ယောက်ကြောင့်ရှင်စိတ်လှုပ်ရှားနေတဲ့ အခိုက်အတန့်တွေထဲကတစ်ခုဖြစ်ပါတယ်။ ပြီးတော့သူတို့တွေကရှင့်အသက်ရှင်နေရတာကို ပျော်ရွှင်အောင်လုပ်ပေးပါတယ်” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီလတုန်းကတော့ Barrie ဟာ Lana ရဲ့ ‘Summer Wine’ သီချင်းဗီဒီယိုမှာ Lana ရဲ့ချစ်သူအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Ref:starpulse.com