ခ်စ္သူေခ်ာ့နည္းေလးမ်ား

ခ်စ္ျခင္းရဲ႕ သေကၤတေတြထဲမွာ စိတ္ေကာက္တယ္ ဆိုတာကလည္း တစ္ခု အပါ အဝင္မို႔လို႔ ခ်စ္သူေလး စိတ္ေကာက္ေနတယ္ ဆိုရင္ ေခ်ာ့လိုက္ပါေနာ္။
ဒါေၾကာင့္ ကိုယ့္ခ်စ္သူေလး စိတ္ေကာက္ေနတယ္ ဆိုရင္ ဘယ္လိုနည္းနဲ႔ ေခ်ာ့လို႔ ရမလဲ ဆိုတာကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္တယ္ေနာ္။

၁။ အခ်စ္သီခ်င္းဆိုျပလိုက္ပါ
သီခ်င္းဆိုတာ စိတ္ကို ႏူးညံ့ေစႏိုင္တဲ့ အရာေတြထဲက တစ္ခုပါ။ အခ်စ္သီခ်င္း ခ်ိဳခ်ိဳေလးေတြကိုသာ သူ႔မ်က္ႏွာေလး ၾကည့္ၿပီး ဆိုျပလိုက္ပါ။ စိတ္ေကာက္ေနတာေတြက ေခ်ာ့စရာေတာင္ မလိုေတာ့ဘဲ ခ်စ္သူ႔ မ်က္ႏွာက အၿပဳံးေလးေတြကို ဖန္ဆင္းလိုက္ႏိုင္မွာ ေသခ်ာပါတယ္။

၂။ အာ႐ုံလႊဲလိုက္ပါ
စိတ္ေကာက္ေနတဲ့ အေၾကာင္းအရာအေပၚ ေနာက္ထပ္ ေတြးေနတဲ့ စိတ္ေတြ ေပ်ာက္သြားေအာင္ အာ႐ုံလႊဲလိုက္ပါေနာ္။ ႐ုပ္ရွင္ ႀကိဳက္တတ္တဲ့ ခ်စ္သူဆိုရင္ ႐ုပ္ရွင္ အေၾကာင္း ေကာက္ခါ ငင္ခါ ေျပာင္းေျပာလိုက္တာမ်ိဳး ျပဳလုပ္ေပးပါ။ ဒါမွ မဟုတ္ ေဘးနားက တစ္ခုခုကို လွမ္းျပလိုက္ၿပီး အဲ့တာနဲ႔ ပတ္သက္တဲ့ စိတ္ဝင္စား စရာကို ေျပာျပလိုက္ပါ။

၃။ ဘာစားမလဲ ေမးပါ
ေပ်ာ္႐ႊင္ေစႏိုင္တဲ့ အရာေတြထဲမွာ အစား အစာကလည္း ပါဝင္တယ္ ဆိုတာကို သတိရေပးပါ။ ခ်စ္သူေလး စိတ္ေကာက္ေနၿပီဆိုရင္ေတာ့ သူေျပာျပဖူးတဲ့ စားခ်င္တယ္ ဆိုတာေလးကိုသာ သတိတရ ရွာေပးႏိုင္မယ္ဆိုရင္ေတာ့ စိတ္အလို မက်လို႔ စိတ္ေကာက္ေနတာေတြ အစား ခ်စ္ျခင္းေတြ ျပန္လည္ ေနရာယူသြားမွာ ေသခ်ာၿပီေပါ့။

[ Unicode ]

ချစ်ခြင်းရဲ့ သင်္ကေတတွေထဲမှာ စိတ်ကောက်တယ် ဆိုတာကလည်း တစ်ခု အပါ အဝင်မို့လို့ ချစ်သူလေး စိတ်ကောက်နေတယ် ဆိုရင် ချော့လိုက်ပါနော်။
ဒါကြောင့် ကိုယ့်ချစ်သူလေး စိတ်ကောက်နေတယ် ဆိုရင် ဘယ်လိုနည်းနဲ့ ချော့လို့ ရမလဲ ဆိုတာကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်တယ်နော်။

၁။ အချစ်သီချင်းဆိုပြလိုက်ပါ
သီချင်းဆိုတာ စိတ်ကို နူးညံ့စေနိုင်တဲ့ အရာတွေထဲက တစ်ခုပါ။ အချစ်သီချင်း ချိုချိုလေးတွေကိုသာ သူ့မျက်နှာလေး ကြည့်ပြီး ဆိုပြလိုက်ပါ။ စိတ်ကောက်နေတာတွေက ချော့စရာတောင် မလိုတော့ဘဲ ချစ်သူ့ မျက်နှာက အပြုံးလေးတွေကို ဖန်ဆင်းလိုက်နိုင်မှာ သေချာပါတယ်။

၂။ အာရုံလွှဲလိုက်ပါ
စိတ်ကောက်နေတဲ့ အကြောင်းအရာအပေါ် နောက်ထပ် တွေးနေတဲ့ စိတ်တွေ ပျောက်သွားအောင် အာရုံလွှဲလိုက်ပါနော်။ ရုပ်ရှင် ကြိုက်တတ်တဲ့ ချစ်သူဆိုရင် ရုပ်ရှင် အကြောင်း ကောက်ခါ ငင်ခါ ပြောင်းပြောလိုက်တာမျိုး ပြုလုပ်ပေးပါ။ ဒါမှ မဟုတ် ဘေးနားက တစ်ခုခုကို လှမ်းပြလိုက်ပြီး အဲ့တာနဲ့ ပတ်သက်တဲ့ စိတ်ဝင်စား စရာကို ပြောပြလိုက်ပါ။

၃။ ဘာစားမလဲ မေးပါ
ပျော်ရွှင်စေနိုင်တဲ့ အရာတွေထဲမှာ အစား အစာကလည်း ပါဝင်တယ် ဆိုတာကို သတိရပေးပါ။ ချစ်သူလေး စိတ်ကောက်နေပြီဆိုရင်တော့ သူပြောပြဖူးတဲ့ စားချင်တယ် ဆိုတာလေးကိုသာ သတိတရ ရှာပေးနိုင်မယ်ဆိုရင်တော့ စိတ်အလို မကျလို့ စိတ်ကောက်နေတာတွေ အစား ချစ်ခြင်းတွေ ပြန်လည် နေရာယူသွားမှာ သေချာပြီပေါ့။

Ref; rsgoals

 

94 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.